ဒါဟာ မြန်မာတစ်နိုင်ငံလုံး နဲ့သက်ဆိုင် တဲ့ အရေးပါ တဲ့ နေရာ တစ်ခု ပါ။

မွန်ပြည်နယ် ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း

ဗိုလ်တဲ အိမ်ရှေ့မှာရှိပါတယ်။

Sea level ပင်လယ်ရေ မျက်နာပြင်တိုင်းတဲ့နေရာ

ပင်လယ်ရေမျက်နှာပြင် ဝ မိုင်

ကျိုက်ခမီ ကမ်းခြေနားက အခုနေရာမှာ စနစ်တကျ

စတင် တိုင်းတာပြီး တနိုင်ငံလုံးကို Level စက်ဖြင့် အမြင့်ပေကူးပြီး မြို့တမြို့ရဲ့ အမြင့်ပေကို သတ်မှတ် ကြပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင် မြေတိုင်းဦးစီးဌာနက အမြင့်ပေ ဘယ်လောက် ဆိုပြီး သတ်မှတ်ထားတဲ့ benchmark(BM) ..ခုံလေး တွေကို ရွေတိဂုံဘုရား နှင့်

ပန်းဆိုးတန်းလမ်း မှာ အလွယ်တကူတွေ့နိုင်ပါတယ် ။

မြန်မာနိုင်ငံ ရဲ့ sea level ကို အဲ့နေရာကနေ တိုင်းတာ

ယူတာပါ။ရေတက်ရေကြ ဘယ်နှစ်ပေ ဘယ်နှစ်မီတာဆိုတာကို ပျမ်းမျှသတ်မှတ်တာမဟုတ်ဘူး။

မြန်မာနိုင်ငံရဲ့ရေတက်ရေကြ sea level ကို စနစ်တကျ တိုင်းတာပြီးယူတဲ့ နည်းစနစ်အခြေခံကတော့

ပြဒါးထည့်ထားတဲ့လေထုဖိအား တိုင်းကိရိယာနဲ့

တိုင်းတာပါ အဲဒီနေရာ သုညမိုင်မှာလေထုဖိအား 760mmHgရှိပါတယ်။ အမြင့်ကိုတက်လေလေ ကိရိယာထဲကပြဒါးမျက်နှာပြင်ကလည်း760mm

ကနေကျဆင်းလာလေလေပါပဲ။ ကျဆင်းလာသောပြဒါးမျက်နှာပြင်ကိုကြည့်ခြင်းအားဖြင့် မိမိမြို့ရွာဒေသရဲ့ပင်လယ်ရေမျက်နှာပြင်အထက်ပေကိုသိရှိနိုင်ပါတယ်(ကျိုက်ခမီကတော့စမှတ်zeroမိုင်ပါ)

ဥပမာ..ကိရိယာထဲက mercuryတစ်မီလီမီတာ

ကျဆင်းတိုင်းပေ ၂၀၀ ရောက်တယ်ဆိုခဲ့ပါလျင်

ပြဒါးမျက်နှာပြင် 10mmကျဆင်းခဲ့မယ်ဆိုပါလျင်

ပေ2000 အမြင့်ရောက်ပြီလို့သိနိုင်ပါတယ်။

ဒီလောက်အရေးပါတဲ့နေရာတခု ကို ထိန်းသိမ်းမှုမရှိ

စွန့်ပစ်ထားကြတော့ ဘာလုပ်တဲ့နေရာမှန်းကိုတောင် လူအတော်များများ မသိကြတော့ဘူး။ ဒေသခံတွေထဲ

မှာလည်း သိတဲ့သူ အတော်နည်းသွားပါပီ။

အခုထက်ပိုပီး ခေတ်မှီလာရင်တောင် ဒီလိုနေရာမျိုးက

အထိမ်းအမှတ်နေရာအဖြစ် ထိန်းသိမ်းထားသင့်ပါတယ်

ဆိုတဲ့အကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များ သိစေရန်

နှင့် ဗဟုသုတအလို့ဌာ ရေးသားဝေမျှလိုက်ပါတယ် ရှင့်

မစိုး

credit LLK/Pyae kyaw ရဲ့မှတ်တမ်း နှင့်

Chan Nyein Zan ရဲ.့တင်ပြမှုတို့ကို

တချို့အချက်အလက်များဖြည့်စွက်ရေးသားလိုက်

ရပါတယ် ရှင့်။

ThinThinSoeSoe

Add a Comment

Your email address will not be published. Required fields are marked *