လက်ရှိ အောက်ဆီဂျင် အိုးဟောင်းပေါ် က သရဲ ကိစ္စ ပြောပြီ
|အောက်ဆီဂျင်သရဲဟာလဲ ကုန်သည်တွေစနက်မကင်းဘူး လို့ ကျွန်တော်စိတ် ထဲ ထင်နေတယ်။ မသေချာ
oximeterတွေကို မွတ်စလင်တွေက ဈေးလျှော့ရောင်းတော့ သူတို့ပဲ ငိုကြတယ်။
ခုလဲ အောက်ဆီဂျင်အိုးဟောင်းမှာ သရဲဘာညာဆိုပြီးလျှောက်ရေးနေတာ နောက်ဆုံး လူတွေ အိုးအဟောင်းမဝယ်ပဲ
အသစ်ဝယ်ရင်ကြီးပွားမှာ ကုန်သည်တွေပဲ။
အခု လျှောက်ပြောနေတဲ့ အောက်ဆီဂျင်အိုး သရဲကြောင့်
ချမ်းသာနိုင်တာ အောက်ဆီဂျင်အိုးတွေဝယ်စုထားတဲ့ ကုန်သည်တွေပဲရှိတယ်။
နောက်တစ်ခုက ဖင်ယားနေတဲ့အတန်းရှင်းဆီကာကောင်လေးတွေ နာမည်ကြီးချင်လို့လျှောက်ရေးနေတာလဲဖြစ်မှာပေါ့။။
ဘာပဲဖြစ်ဖြစ် မင်းတို့လုပ်ရပ်က လူအများကြီးရဲ့အသက်ပေါ်မူတည်နေတယ်ဆိုတာသတိထားနော်။
မင်းတို့လဲ လူ သ တ် သမားနဲ့မကွာဘူးဆိုတာသိထား။
ရှေ့လတွေတုန်းက အဲ့သရဲတွေဘာလုပ်နေလဲ။ ဘာသရဲလဲ Leeသရဲလား။
တအားစွမ်းနေရင်လဲ အဲ့သရဲတွေခေါ်ပြီး PDF ထဲထည့်ပေးလိုက်။
crd အဘ တင်ဖေ
တစ်နိုင်ငံလုံးကို ဂျင်းပတ်ထည့်ခြင်း
မနက်က အောက်ပါပို့စ်ကို ကျနော် ဖတ်ဖြစ်ပါတယ်။ ဒီပို့စ်မှာ တစ်ခုခုတော့ လွဲမှားနေကြောင်း၊ သို့မဟုတ် အကြံအဖန်တစ်ခုခု လုပ်ထားကြောင်း ‘logical criticism’ and ‘factual criticism’/ philosophical ရှုထောင့်ကနေ ကျနော် ထောက်ပြသွားမှာဖြစ်ပါတယ်။
(၁) “အမေ့ကို ဝင်ပူးပြီး ငါတို့အောက်စီဂျင် ဘာလို့ရှုလဲ ဆိုပြီး အိမ်မှာမွှေတာ” ဒီစာကြောင်းကို ကျနော်တို့ လေ့လာကြည့်ကြမယ်။ အောက်စီဂျင်ရှုတဲ့ လူမမာ တစ်ယောက်ကို မကောင်းဆိုးဝါး သို့မဟုတ် ဝိညာဉ်က ဝင်ပူးတယ်။ အဲ့ဒီလိုဝင်ပူးပြီး ငါတို့အောက်စီဂျင် ဘာလို့ရှုလဲ လို့ ဝိညာဉ်က မေးခွန်းထုတ်သည့်အပြင် ထိုဝိညာဉ်ကအိမ်မှာပါ မွှေနှောက်တယ်။ ဒါဟာ သာမန် ယုတ္တိအခြေအနေမှာ ဘယ်လိုမှ အခြေအမြစ်မရှိနိုင်တဲ့ အမှုကိစ္စတစ်ခုပဲ။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဝိညာဉ်ဟာ သူမဆုံးပါးခင်ကာလက ရှုရှိုက်ခဲ့တဲ့ အောက်စီဂျင်အိုးကို တစ်ဖက်လူနာရဲ့ အိမ်အထိရောက်လာပြီး ‘ငါတို့ဟာ ဘာလို့ရှုလဲ’ ဆိုပြီး မေးခွန်းထုတ်ရအောင် ထိုဝိညာဉ်က ဣဿာမစ္ဆရိယစိတ် ထူပြောနေတဲ့ မကောင်းဆိုးဝါးဖြစ်နေလို့များလား။ ဒါမှမဟုတ် လူနာအချင်းချင်းကြားမှာ မသေခင်ကာလက နာကျည်းချက်တစ်စုံတစ်ရာ ရှိခဲ့လို့များလာ။ တကယ်တော့ ထိုဝိညာဉ်ဟာ သွေးရိုးသားရိုးမှန်လို့ ရှိနေခဲ့သည့်တိုင်အောင် ဘာလို့များ စစ်ကောင်စီကို ဒုက္ခသွားမပေးဘဲ လူနာအချင်းချင်းကြားမှာ ရန်လိုအကြမ်းဖက်လိုစိတ် ‘repressive drive’ တွေ များနေရတာလဲ။ လူနာအချင်းချင်း ပြသနာရှာတာကတော့ သေဆုံးပြီးသားလူ သို့မဟုတ် ဝိညာဉ်ရဲ့ သိမြင်နားလည်မှု ‘understanding’ က စကစရဲ့ တာဝန်ယူမှုဆိုတဲ့အရာကို အသိအမှတ်ပြုပေးနေသလိုပဲ။ မဟုတ်မှလွဲရော၊ ထိုဝိညာဉ်ဟာ ‘ဒလန်ဝိညာဉ်’ ဖြစ်နေတဲ့အတွက်ကြောင့်များလား။
(၂) ဒုတိယအချက်အနေနဲ့ ကျနော်ပြောလိုတာက ’40L အိုးအဟောင်းကိစ္စ’
ဒီကနေ့ မြန်မာပြည်အဘက်ဘက်က ချို့ယွင်းပျက်ဆီးနေချိန်မှာ အစားအသောက် ကြက်ဥကအစ လူသုံးကုန်ပစ္စည်းအဆုံး မတန်တဆ ဈေးတွေနဲ့ပေးဝယ်နေရကြောင်း သိပြီးသားဖြစ်မှာပါ။ ဒီလိုကာလမှာ ငွေကြေးတတ်နိုင်ပါတယ်ဟေ့ ဆိုတဲ့ ကြေးရတတ်လူကုံထံတွေတောင် ဝယ်တာခြမ်းတာကအစ စည်းစနစ်ကြီးစွာနဲ့မဖြုန်းတီးဘဲ ဝယ်လာကြတာကို လေ့လာတွေ့ရှိရတယ်။ တန်ဖိုးမြင့် ပစ္စည်းဆိုရင် အရင်ကာလတုန်းကလို Brand New တို့၊ ဘာတို့ထက် used/second-hand objects တွေဖြစ်တဲ့ commodity တွေကို ဦးစားပေး သုံးစွဲလာကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ ဘာကြောင့်လဲ
လူတွေဟာ သူတို့တွေရဲ့ အနာဂတ်ဆန်အိုးမလောက်မင ဖြစ်မှာကို ကြောက်ရွံ့မိတဲ့ စိုးရိမ်စိတ်ပဲမဟုတ်လား။ ဒီလိုအခြေအနေတစ်ခုမှာ မျက်နှာပြောင်တိုက် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အောက်တန်းစားတစ်သိုက်ဟာလည်း အပြိုင်အဆိုင် စီးပွားရှာရင်း သူတစ်ပါးမျက်ရည်ခရရှာတဲ့ ငွေကြေးကို မက်မက်မောမော ဖြတ်ခုတ်တတ်ကြတယ်။ ဥပမာ ဆန်တစ်ပြည်ရှိတဲ့အိမ်က လူတစ်ယောက်ဟာ သူဆေးကုဖို့အတွက်ဆိုရင် အဲ့ဆန်တစ်ပြည်ထဲက နို့ဆီဗူးတစ်လုံး၊ နှစ်လုံးလောက်ယူရင် ရပြီ။ ဒါဟာ သူပေးနိုင်တဲ့ ပမာဏပဲ။
ဒါကို နို့ဆီဗူး ၆ လုံးလောက် လိုချင်နေရင်တော့ ခင်ဗျားဟာ သူတို့လိုနွမ်းပါးသူတွေကို bully လုပ်ချင်နေတဲ့ monopolist တစ်ယောက်သာသာပဲ။ (ဒီလိုကုပ်သွေးစုပ် ခြယ်လှယ်နေသူတွေကိုလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျနော် ဖော်ထုတ်ပြသသွားမယ်။) အခု ဝိညာဉ်ကိစ္စဆက်ရှင်းရရင် အောက်ပါ ပို့စ်ပိုင်ရှင်ဟာ Oxygen အိုးအသစ်တွေ တင်သွင်းမယ့် သူဖြစ်လို့ တစ်ဖက်လက်နဲ့ တစ္ဆေသရဲကိုခုတုံးလုပ်ပြီး အိုးအဟောင်း မငှား/မဝယ်ရဲအောင်များ လှည့်စားလိုက်သလား။ ဒီလိုဆိုရင်တော့ ‘criminal offences’ မြောက်သွားပြီဖြစ်တယ်။ ဒါကို လက်ရှိ NUG အစိုးရ ပြင်းထန်စွာ သတိပေးစာထုတ်ပြန်သင့်တယ်
(၃) ပို့စ်ပိုင်ရှင်၏ သိမှုအဆောက်အအုံ
ကျနော်ဟာ သူ့ရဲ့ အရေးအသားပိုင်းဆိုင်ရာတစ်ခုခုချို့တဲ့ နေတာကို သေချာအောင်စူးစမ်းချင်တာမို့လို့ အသိပညာလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေလဲ ဆိုတဲ့ အရာတွေကျနော် သူ့ရဲ့ timeline ထဲ scroll down လုပ်ကြည့်တယ်။ ရေရာပြတ်သားလှတဲ့ သူမရဲ့ အသိပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို ကံကောင်းထောက်မစွာနဲ့ ကျနော်သွားတွေ့တယ်။ ပို့စ်ပိုင်ရှင်ဟာ စာရေးဆရာကြီး ဒဿကျော်စွာတို့၊ နိုင်ငံကျော် ကဗျာစာဆိုကြီး တာတေ တို့ရေးသားတဲ့ မဖဲဝါဝတ္ထုတွေကို အားသွန်ခွန်စိုက် လေ့လာလိုက်စားနေတဲ့ အချက်ကို ကျနော် သတိပြုမိလိုက်တယ်။ ပို့စ်ပိုင်ရှင်ရဲ့ ဒီလို စာပေလေ့လာလိုက်စားမှုဟာ ယနေ့ မြန်မာလူ့အဖွဲ့အစည်းရဲ့ အဘက်ဘက်က ဖိနှိပ်ခံနေရတဲ့ အခြေအနေ တစ်ခုကို တစ်ထောင့်တစ်နေရာကနေ ဝင်ရောက် ဂျင်းထည့်ပြီး ဖတ်ရှုသူတွေအပေါ် စိတ်ပိုင်းဆိုင်ရာ မလုံမလဲဖြစ်မှု၊ အထိတ်တလန့်ဖြစ်စေမှုတို့ကို ပေးစွမ်းနိုင်တဲ့ အတွက် NUG အစိုးရအနေနဲ့ တစ်သက်တာစာပေဆုကို ချီးမြှင့်အပ်နှင်းဖို့ တရားဝင် ဂုဏ်ပြုလွှာပေးအပ်သင့်ပါတယ်။
ဖတ်ရှုသူတွေရဲ့ ဦးနှောက်ကို ဂယောင်ချောက်ချား ဖြစ်စေနိုင်တဲ့ စာသားတွေ ရေးနေတာရပ်တန်းကရပ်ပါဗျာ။