သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း လုံၿခဳံေရး ၿခိမ္းေျခာက္ခံ ေနရ

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔အေပၚ လုံၿခဳံေရးၿခိမ္းေျခာက္မႈတစ္ခုရွိခဲ့ေၾကာင္းနဲ႔ အေမရိကန္ အာဏာပိုင္ေတြက သူ႔အတြက္ လုံၿခဳံေရးတိုးျမႇင့္ေပးထားေၾကာင္း ဗုဒၵဟူးေန႔မွာ ေျပာဆိုပါတယ္။

ၿခိမ္းေျခာက္မႈအခ်ိဳ႕ရွိေနေၾကာင္း၊ ဒီအတြက္ ရဲတပ္ဖြဲ႕က လုပ္ေဆာင္ေနပါေၾကာင္းနဲ႔ ရဲတပ္ဖြဲ႕က လိုအပ္တဲ့ လုံၿခဳံေရး ေပးထားေၾကာင္း ဦးေက်ာ္မိုးထြန္းက ႐ိုက္တာသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ သူ႔အေပၚ ၿခိမ္းေျ့ခာက္မႈကို အဂၤါေန႔က သတိျပဳသိရွိခဲ့တာျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လက္ရွိအထိေတာ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြ မသိရေသးသလို FBI ကလည္း ဒီကိစၥအေပၚ လတ္တေလာမွာ တုံ႔ျပန္မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။ ဒါ့အျပင္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း မိမိတို႔ရဲ႕ လုံၿခဳံေရးလုပ္ငန္းစဥ္ အေသးစိတ္ကို ေျပာဆိုမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ေ႐ြးေကာက္ခံ အရပ္သားအစိုးရ ကိုယ္စားျပဳေနသူျဖစ္ၿပီး စစ္ေခါင္းေဆာင္ေတြက သူ႔ကို ရာထူးကေန ထုတ္ပယ္ထားပါတယ္။ သို႔ေပမယ့္ ကုလသမဂၢက စစ္တပ္အာဏာသိမ္းမႈကို အသိအမွတ္မျပဳခဲ့တာေၾကာင့္ သူဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသံအမတ္အျဖစ္ ဆက္လက္ရွိေနတာျဖစ္ပါတယ္။ CNA

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့အပေါ် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုရှိခဲ့ကြောင်းနဲ့ အမေရိကန် အာဏာပိုင်တွေက သူ့အတွက် လုံခြုံရေးတိုးမြှင့်ပေးထားကြောင်း ဗုဒ္ဒဟူးနေ့မှာ ပြောဆိုပါတယ်။

ခြိမ်းခြောက်မှုအချို့ရှိနေကြောင်း၊ ဒီအတွက် ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါကြောင်းနဲ့ ရဲတပ်ဖွဲ့က လိုအပ်တဲ့ လုံခြုံရေး ပေးထားကြောင်း ဦးကျော်မိုးထွန်းက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ သူ့အပေါ် ခြိမ်းေြ့ခာက်မှုကို အင်္ဂါနေ့က သတိပြုသိရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

လက်ရှိအထိတော့ နောက်ထပ်အသေးစိတ်အချက်အလက်တွေ မသိရသေးသလို FBI ကလည်း ဒီကိစ္စအပေါ် လတ်တလောမှာ တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း မိမိတို့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ် အသေးစိတ်ကို ပြောဆိုမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ရွေးကောက်ခံ အရပ်သားအစိုးရ ကိုယ်စားပြုနေသူဖြစ်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂက စစ်တပ်အာဏာသိမ်းမှုကို အသိအမှတ်မပြုခဲ့တာကြောင့် သူဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်အဖြစ် ဆက်လက်ရှိနေတာဖြစ်ပါတယ်။ CNA

Add a Comment

Your email address will not be published.