ကျောက်ပန်းတောင်းမြို့နယ်မှာ တည်ရှိတဲ့ စေတီတော်တ စ်ဆူ ပြုပြင်မွမ်းမံရန် အလှူငွေနဲ့ ဆင်တုတော်တွေလှူဒါန်းပေးခဲ့တဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး မြတ်သူသူကတော့ ဒီနေ့မှာစေတီတော်တစ်ဆူပြုပြင်မွမ်းမံဖို့ အလှူငွေနဲ့ စေတီမှာဌာပနာဖို့ ဆင်းတုတော်တွေလှူဒါန်းခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ စေတီတော်ကတော့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လှိုင်သာကျေးရွာမှာတည်ရှိတာပဲဖြစ်ပါတယ်။

စေတီတော်ကတော့ ရွှေကြေးစည်စေတီတော်ဖြစ်ပြီး မူလပထမ အမတော် စောမွန်လှတည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ပဲဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ တတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံကြတာဖြစ်ပြီး မာမီမြင့်(ရွှေမန်ကျည်းတော) , ဆရာဦးသီနှင့် တပည့် (၇)ရက်သားသမီးအပေါင်း စုပေါင်းလှူဒါန်း ပြုပြင်မွမ်းမံကြတာပဲဖြစ်ပါတယ်။ မြတ်သူသူကတော့ ဒီစေတီတော်ပြုပြင်တဲ့အလှူလေးမှာ စေတီတော်ပြုပြင်မွမ်းမံဖို့ အလှူငွေနဲ့ ဘုရားဌာပနာအတွက် ဆင်းတုတော် (၉)ဆူကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူက အခုလိုလှူဒါန်းရတဲ့ အကျိုးကြောင့်လည်း ကမ္ဘာသူ ကမ္ဘာသားအားလုံး ကြုံတွေ့နေရသော ဘေးဒုက္ခအပေါင်းမှ အမြန်ဆုံး ကင်းဝေးလွန်မြောက်ကြပါစေ၊ကောင်းမှုကုသိုလ်အဝဝကို အမျှပေးဝေပြီး အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပြီး သာသနာအကျိုး သယ်ပိုးထမ်းဆောင်နိုင်ကြပါစေစေလို့လည်းဆုတောင်းထားပါသေးတယ်။ မြတ်သူသူတစ်ယောက်လည်း ဒီထက်မက ဘာသာ သာသနာအကျိုးကိုသယ်ပိုးနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ CeleZone ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source – Myat Thu Thu

Add a Comment

Your email address will not be published. Required fields are marked *