ဝေဘာဂီ ဆေးရုံကြီးက ကိုဗစ်လူနာတွေ အတွက် လိုအပ် တာ အဝဝ ကို လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူကတော့ ပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး ။ ဒီလိုကာလမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် အစားအသောက်တွေလည်း တတ်နိုင်သလောက် ကူညီခဲ့တာတွေ့ရပါတယ် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခုလို ကိုဗစ်ကာလမှာလည်း လူနာများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့ ပစ္စည်း ဆေးဝါးတွေကို လှူဒါန်းလျက်ရှိတာကို လေးစားစွာ တွေ့ရပါတယ် ။ မကြာခင်ရက်ပိုင်းကလည်း ဆေးရုံတွေမှာ တောက်လျှောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုလည်း မြောက်ဥက္ကလာက ဝေဘာဂီဆေးရုံမှာ တက်ရောက်နေတဲ့ ကိုဗစ် လူနာတွေအတွက် ထမင်းဗူးများ ၊ မုန့်ပဲသရေစာများနဲ့ ဆေးဝါးများ လှူဒါန်းခဲ့ပြန်ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီးလည်း ” ဝေဘာဂီ အထူးကုဆေးရုံကြီး(မြောက်ဥက္ကလာပမြို့နယ်)တွင် တက်ရောက်ကုသနေကြသော Covid-19 လူနာများအတွက် ထမင်းဗူး(၂၀၀)၊သောက်ရေသန့်များ၊တီးမစ်များ၊ ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်။ လူနာများ ခံစားနေရသော ကူးစက်မြန် Covid-19 ရောဂါဝေဒနာမှ အမြန်ဆုံးသက်သာပျောက်ကင်း ကျန်းမာကြပါစေ။ ” ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Kyaw Soe Win

Add a Comment

Your email address will not be published.