ကိုဗစ် ကုသနိုင်သည်ဟု ဓာတ်ခွဲခန်းမှ အတည်ပြု
|ကိုဗစ်ကုသနိုင်သည်ဟု ဓာတ်ခွဲခန်းမှအတည်ပြုပြီးနောက် မဲဒီဒုတ်ရွက်ဈေးခုန်တက်
မဲဒီဒုတ် သစ်နံကိုင်း ထိုင်းအခေါ် ကွတ်ကျူလာလမ်ဖာ တွင် ကိုဗစ်-၁၉ ပျောက်ကင်းနိုင်သည့် အာနိသင်ရှိသည်ဟု ဓာတ်ခွဲခန်းမှအတည်ပြုသည့်သတင်းထွက်ပေါ်လာပြီးနောက် မဲဒီဒုတ်ရောင်းဈေး
သည် ယခင်က တစ်ကီလိုဂရမ်လျှင် ဘတ် ၁၀၀ ရှိရာမှ ဘတ် ၁၅၀ အဖြစ်ခုန်တက်သွားပြီး တိုင်းရင်း
ဆေးဆိုင်များတွင် ရှာဝယ်၍မရနိုင်တော့ကြောင်း သိရှိရသည်။
“မဲဒီဒုတ်ဈေးခုန်တက်သွားတယ် အရင်က ၁ ကီလိုဂရမ်ကို ဘတ် ၁၀၀ ပဲရှိတယ် ဝယ်လိုအားမြင့်တက်
လာတဲ့နောက်မှာ ၁ ကီလိုဂရမ်ကို ဘတ် ၁၅၀ ဈေးပေါက်နေတယ်” ဟု စမ်းဖန်ထဝန်ရှိ တိုင်းရင်းဆေး
ဆိုင်ရောင်းချနေသူတစ်ဦးကဆိုသည်။
“အခုဆိုရင် အဖျားကျဆေးတမျိုးဖြစ်တဲ့ “ကျန်ထလိလာ” ဆေးဖော်ဖို့ချန်ထားတဲ့ ကီလို ၁၀၀ ပဲကျန် တော့တယ် ပရဆေး ၉ မျိုးနဲ့ရောပြီးဖော်ရတာ” လို့ ၎င်းကဆက်လက်ပြောပြသည်။
မဲဒီဒုတ်ရွက်တွင်ပါဝင်သည့် ပရဆေးဓာတ်တစ်မျိုးသည် ကိုဗစ်ကုသနိုင်သည့်အာနိသင်ရှိသည်ဟု ဓာတ်ခွဲခန်းမှအတည်ပြုထားသည့်သတင်းထွက်ပေါ်လာပြီးနောက် ဝယ်လက်များကအကုန်ဝယ်ယူ
သွားသည်ဟု ထိုင်းတိုင်းရင်းဆေးဝါးရောင်းချနေသူ ကမွန်ထစ်ကဆိုသည်။
“အရင်ကဆို ၁၀ တန်ကို ၁ နှစ်လောက်ရောင်းမှကုန်တာ အခုဆိုတစ်ပတ်နဲ့တင်ကုန်သွားပြီ ဒီတစ်လနှစ်လာထဲမှာ နောက်တစ်သုတ်ရောက်လာမယ်” ဟု သူမကလက်ဆက်ပြောပြသည်။
မဲဒီဒုတ်ရွက်ကိုအခြားသောပရဆေးများနှင့်ရောစပ်ပြီးဆေးဖော်ရခြင်းဖြစ်၍ မဲဒီဒုတ်တစ်မျိုးတည်းကိုသာ
သောက်သုံးခြင်းမပြုရန်နှင့် တိုင်းရင်းဆေးသမားတော်များ၏ညွှန်ကြားချက်မပါဘဲ ကိုယ်တိုင်သောက်
သုံးခြင်းမပြုရန် ကျောက်ဖယားအဖိုင်ဖူဘေထိုင်းတိုင်းရင်းဆေးဆေးရုံမှ ဆေးဝါးကျွမ်းကျင် ဖကာကရောင် ကတိုက်တွန်းထားသည်။
“တချို့လူနာတွေသောက်ပြီးတော့ နှလုံးခုန်မမှန်ဘူးလို့ပြောပြတယ် ဒါဟာ ကိုယ်တွင်း အင်ဇိုင်းဓာတ် ညွှန်းကိန်းကိုမြင့်တက်စေနိုင်တယ်” ဟု သူမကသတိပေးသည်။
Ref: ThaiPbs
Photo : Flower from Myanmar