ချို့တဲ့တဲ့ပြည်သူတွေ အတွက် ဟင်းသီးဟင်းရွက်တွေလှူဒါန်းပေး ခဲ့ တဲ့ ချယ်ရီသင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်အဆိုတော် ချယ်ရီသင်းကတော့ ချို့တဲ့တဲ့ပြည်သူတွေအတွက် ဟင်းသီးဟင်းရွက်တွေလှူဒါန်းပေးခဲ့ပြန်ပါတယ်။ ချယ်ရီသင်းက လိုအပ်နေတဲ့သူတွေအတွက် လိုအပ်တာတွေကို လိုက်လံလှူဒါန်းဖြည့်ဆည်းပေးနေခဲ့ပြီး အခုတစ်ခေါက်မှာဆိုရင်လည်း သူ့ရဲ့အလှူရှင်တွေနဲ့ စုပေါင်းပြီးထပ်မံလှူဒါန်းပေးခဲ့တာပါ။

ချယ်ရီသင်းကတော့ သူနဲ့အတူ တောင်ရိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း လူငယ်လူမှုအထောက်ကူပြု ရှမ်း/တောင် ဒေသ နှင့် တောင်ရိုးတိုင်းရင်းသား ခရမ်းချဉ်သီး စိုက်တောင်သူအဖွဲ့ရယ် အလှူရှင်တွေရယ်စုပေါင်းပြီးတော့ ခရမ်းချဉ်သီး ပိဿာ-၁၀၀၀၊ပန်းမုံလာပိဿာ-၅၀၊ပန်းဂေါ်ဖီထုပ်ပိဿာ-၅၀၊ဂျင်းပိဿာ-၃၀၊ ဂေါ်ရခါးသီးပိဿာ -၃၀၊ ရွှေဖရုံရွက်နဲ့ ဆူကာညွန့်စတာတွေနဲ့တခြားလိုအပ်တဲ့ စားသောက်ကုန်တွေကိုပါလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ချယ်ရီသင်းက အခုလို သူ့ရဲ့ လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အလှူလေးအထမြောက်စွာလှူဒါန်းနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးတွေက ချယ်ရီသင်းတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Cherry Thin

Add a Comment

Your email address will not be published. Required fields are marked *