ဆွဲဆောင် မှု ရှိရှိ အမိုက်စားဂေါ် နေ တဲ့ အိချောပို ရဲ့ ဗီဒီယိုဖိုင်
|ဘယ်လိုနေနေ လှနိုင်လွန်းတဲ့ အိချောပိုက အမြဲလိုလို ထိမိလွန်းတဲ့ ဖက်ရှင်တွေ နဲ့ ဆွဲဆောင်မှု အပြည့်ရှိ နေတာပဲ ဖြစ်ပါတယ်။ မ နေ့ ကလည်း အိချောပိုက အနက်ရောင်ဖက်ရှင် အလန်းစားလေးကို ဝတ်ဆင်ပြီး Photo Shooting တစ်ခုရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ အမိုက်စား အပြင်အဆင်တွေနဲ့ အပြတ်ဂေါ် နေတဲ့ အိချောပို ကတော့ ညှို့အားပြင်းတဲ့ ပုံစံလေးနဲ့ အပီအပြင် ပို့စ်ပေးခဲ့တာလည်း ဖြစ်ပါ တယ်။ ဒါ့အပြင် အိချောပိုက စတိုင်လ်ကျကျ လမ်းလျှောက်ပြီး ရင်ခုန်ချင်စရာ Tik Tok ကစားပြ ခဲ့သေးတာ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက် အိချောပိုရဲ့ ရိုက်ကွင်း ဗီဒီယိုလေး နဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ မင်းသမီး ချော လေး အိချောပို ကတော့ အနုပညာပျိုးခင်း ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် ဗီဒီယိုဇာတ်ကားတွေ စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။နောက်ပိုင်းမှာတော့ သရုပ်ဆောင်တော်တဲ့ အိချောပိုက ရုပ်ရှင် ဇာတ်ကားကြီး တွေပါ ဆက်တိုက်ရိုက်ကူးပြီး နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အိချောပိုက ဇာတ်ကားတွေ၊ ကြော်ငြာတွေအပြင် Photo Shooting တွေလည်း မနားတမ်းရိုက်နေရပါတယ်။
Crd: TIKTOK MYANMAR