မနေ့ညကနဲ့ ဒီနေ့ ညနေထိ နိုင်ငံစုံ မှ အလှူ ငွေ အ ရပ် ရပ် စုစုပေါင်း ကျပ်သိန်း ၁၃၀၀ ရရှိ ပါ တယ် ရှင် ( US စာရင်းများမပါဝင်သေးပါ )
|မိဘနဲ့ ဝေးနေရပေမယ့် အားလုံးရဲ့ မေတ္တာတွေရလို့ နွေးထွေးပြီး ခွန်အားဖြစ်ရပါတယ်ရှင်…
မနေ့ညကနဲ့ ဒီနေ့ ညနေထိ
နိုင်ငံစုံမှ အလှူငွေ အရပ်ရပ် စုစုပေါင်း
ကျပ်သိန်း ၁၃၀၀ ရရှိပါတယ်ရှင်
US စာရင်းများမပါဝင်သေးပါ
အသေးစိတ်ကိုတော့ လုံခြုံစွာထုတ်ယူ သိမ်းဆည်းပြီးတဲ့အခါ တင်ပြပါမယ်
ကျန်တဲ့ လိုအပ်ငွေ သိန်း ၁၂၀၀ ကို အမြန်ပြည့်ဖို့ ဆက်ပြီး တို က်ပွဲဝင်ပါဦးမယ်ရှင်
Messenger မှာ message ပေါင်း ၃၀၀၀ ကျော် ရောက်လာခဲ့တာကို မနိုင်လို့ Error တက်ခဲ့ပြီး အခုထိ ၁၀၀၀ ကျော်ကိုပဲ ပြန်နိုင်သေးလို့ အားနာရသလို ပျက်ကွက်မှုအတွက် တောင်းပန်ပါတယ်ရှင်
မနေ့က အလှူခံ ပိုစ့်ရဲ့ comment မှာ မြင်ခဲ့ရလို့ ခက်ခဲနေကြတဲ့ တို က်ပွဲဝင် ရဲဘော် ညီအကိုမောင်နှမတွေ အတွက် မေဦးတို့ ၊ ကိုထွားတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး တို က်ရို က်ချိတ်ဆက် အဖြေရှာပေးသွားပါမယ်လို့ ကတိပြုပါတယ်
အလှူလိုတဲ့နေရာနဲ့ အလှူရှင်တွေနဲ့ တို က်ရို က်ချိတ်ဆက်ပေးတာမျိုး ကူညီပေးသွားပါမယ်ရှင်
ကျွန်မမှာ ကိုယ်ပိုင်စခန်း ကိုယ်ပိုင်အဖွဲ့မရှိပါဘူး… ရဲဘော်ညီအကို မောင်နှမ အားလုံးရဲ့ အမကြီး ၊ နှမလေး နေရာတော့ နေခွင့်ပြုမယ်မဟုတ်လားရှင်
အလှူမြန်မြန်ပြည့်အောင် လှူဒါန်းပေးကြပါဦးရှင့်
…………………………………………………………………..
မြန်မာပြည်တွင်း အလှူရှင်များ Hter Htet Htet page CB သို့ လာပေးပါရှင့်
ဖေဖေ ဆုံးမခဲ့ဖူးတယ်…..
သမီးက နားလည်ပေးတတ်တဲ့သူမို့လို့
ဖေဖေက သည်းခံ ခိုင်းတာပေါ့သမီးရဲ့… တဲ့
နားလည်ပေးရတာကလဲ တခါတခါ ရင်ထဲ
မွန်းကျပ် ပိတ်သိပ်နေတာမျိုးပါ ဖေဖေရယ်