လူငယ်တွေက ကိုယ့်အနာဂတ်ကိုယ် ပြန်ရဖို့ အစွမ်းကို ကြိုးစားနေတာလို့ ဆိုတဲ့ ပြည်သူအချစ်တော် “ခင်ဝင့်ဝါ”

ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသမီး ချောလေး ခင်ဝင့်ဝါ ကတော့ လက်ရှိအချိန်မှာ လှုပ်ရှား နေတဲ့ ပြည်သူ့ လှုပ်ရှားမှုတွေမှာ ပြည်သူဘက်ကနေရပ်တည်ပြီး ပါဝင်လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။ခင်ဝင့်ဝါကတော့ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောက ကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ စကားပြော ဆိုဟန်တွေ ကြောင့် ပရိသတ်တွေ ရဲ့ အားပေးထောက်ခံ မှုကို ရရှိ ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ကျစ်လစ်သွယ်လျ တဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးစွဲဆောင်မှု ရှိတဲ့အပြုံးတွေကြောင့် ပုရိသယောက်ျားတွေ သည်းသည်း လှုပ်ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦး ပဲဖြစ် ပါတယ်။

ဗီဒီယို ခေတ်ကတည်း ကအနုပညာလောကထဲ ရောက်ရှိ လာခဲ့ပြီးယခု အချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေကာပရိသတ်တွေ အခိုင်အမာ ရရှိထားတာ ပဲ ဖြစ်ပါတယ်။လက်တလောမှာတော့ ခင်ဝင့်ဝါ တစ်ယောက်ဟာ အနုပညာ အလုပ်တွေ ကို ရပ်နားထားပြီး ပြည်သူ့ လှုပ်ရှားမှုတွေမှာ ပါဝင် လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း ပြည်သူ့လှုပ်ရှားမှုမှာ ရှေ့ဆုံးကဦးဆောင်ပါဝင်ကာ ပြည်သူဘက်ကနေ ရပ်တည်ခဲ့တဲ့ လှုပ်ရှားမှု တစ်ခုကပုံရိပ်လေးတွေ ကိုမျှဝေလာတာပဲ ဖြစ်ပါတယ်။

” တွဲတိုင်းမှာ စက်ခေါင်းပါတယ် လူငယ်တွေအားလုံး က သူတို့ ရဲ့ အနာဂတ်ကို ပြန်ရဖို့ ကိုယ်တိုင် တိုက်ယူနေကြရတာပဲ” ဆိုပြီး သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ပြည်သူထဲက ပြည်သူ တစ်ယောက်အနေနဲ့နေ့စဉ်ရက်ဆက်လှုပ်ရှားမှုတွေကို ဦးဆောင် ပါဝင်နေတာပဲ ဖြစ်ပါတယ်။

ကဲပရိသတ်ကြီးတို့ အတွက် ခင်ဝင့်ဝါရဲ့ လှုပ်ရှားမှု က ပုံရိပ်လေးတွေ ကို ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်။အခုလိုဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေး လိုက်ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *