အစွမ်းကုန် ကြိုးစားပြီး ရှိသမျှခွန်အားလေးနဲ့ ရအောင် ကယ်တင်ခဲ့ပေမယ့် ကွယ်လွန်သွားပြီ ဖြစ်တဲ့ မေပန်းချီ ရဲ့ မိခင်
|ပရိတ်သတ်ကြီးရေ…မေပန်းချီဟာ ဆိုရင် နွေဦး တော်လှန်ရေးမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီးလူထု လှုပ်ရှားမှုမှာ ပါ ဝင်ခဲ့တာလည်းဖြစ်ပါ တယ်နော်။အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲရက် ရောလွန်းတဲ့ အတွက်မကြာခဏဆိုသလိုအလှူအတန်း တွေကိုလည်းပြုလုပ်လေ့ ရှိပါတယ်နော်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်းနေရာအနှံ့ တော်တော်များများမှာကူးစက် ပြန့်ပွားနေတာ ဖြစ်ပါတယ်။ကိုဗစ် ရော ဂါ ကပ်ဆိုးကြီးကို မေပန်းချီတို့ သားအမိနှစ်ယောက်ကအလူးအလည်းကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော်။မေပန်းချီက ဒီကိုဗစ်ရောဂါ ဆိုးကြီးကိုအနိုင် ယူလိုက်နိုင်ပေမယ့် မေပန်းချီရဲ့မိခင်ကြီးကတော့ ဒီကနေ့ည (၉) နာရီခွဲဝန်းကျင်လောက်မှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါ တယ်နော်။
မိခင်ကြီးကွယ်လွန်သွားတဲ့အကြောင်းကို မေပန်းချီက “ကျွန်မ စကားလေး နားထောင်ပြီး အခုပဲ ကျွန်မအမေကြီးအပြီးအနားယူသွားပါပြီ အိပ် ပျော် သွားပါပြီ” “ကျေနပ်ပါတယ်အမေ သမီးစကားလေးနားထောင်ပြီးမှ ညင်ညင်သာသာလေး အိပ်သွားတာသမီးဆုတောင်း ပြည့်လိုက်တာ သမီးငိုစရာတောင်မလိုတော့ဘူး”ဆိုပြီးဝမ်းနည်းစွာနဲ့ ရေးသား လာခဲ့တာပဲဖြစ်ပါတယ်နော်။မိခင်ကြီးအပေါ်တာဝန်ကျေပွန်လှတဲ့မေပန်းချီကတော့ အရမ်းကိုကြွေကွဲခံစားနေရမှာတော့ အသေအချာပါပဲနော်။
ခုလိုမေပန်းချီရဲ့မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်း ဖြစ်ရပါတယ်။အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
crd