ေနျပည္ေတာ္စည္ပင္ ဒုဥကၠ႒ ဦးရဲမင္းဦး ကို အဂတိ လိုက္စားမႈျဖင့္ စစ္ေကာင္စီ အမႈဖြင့္
|ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္ ဥကၠ႒၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဒုတိယဥကၠ႒၊ ဦးရဲမင္းဦးအေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ အေရးယူလိုက္တယ္လို႔ ဩဂုတ္ ၅ ရက္ ဒီေန႔ထုတ္ စစ္ေကာင္စီ သတင္းစာေတြမွာ ေဖာ္ျပပါတယ္။
ဦးရဲမင္းဦးဟာ သူရာထူးတာဝန္ရွိစဥ္က ေနျပည္ေတာ္ၿမိဳ႕မေဈးမွာ မီဒီယာစင္တာ ေဆာက္လုပ္တဲ့ကိစၥအပါအဝင္ တျခားလုပ္ငန္းေတြမွာ အဂတိလိုက္စားမႈေတြ စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ စစ္ေကာင္စီ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီးသတင္းမွာ ေဖာ္ျပပါတယ္။
ဦးရဲမင္းဦးဟာ ေနျပည္ေတာ္ၿမိဳ႕မေဈးပြဲ႐ုံတန္းမွာ Information Center တည္ေဆာက္ဖို႔ ေဆာင္႐ြက္ခဲ့ရာမွာ ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ ၫႊန္ၾကားခ်က္အမွတ္ ၁/၂၀၁၇ တင္ဒါလုပ္ထုံးလုပ္နည္းေတြနဲ႔ တင္ဒါေခၚယူေဆာင္႐ြက္မႈမရွိဘဲ သူနဲ႔ ဆက္စပ္တဲ့ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုကို တန္ဖိုး ေငြက်ပ္ ၁၆၉ သန္းေက်ာ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္းခဲ့တာ၊ ကုမၸဏီတစ္ခုက တင္ဒါစီမံကိန္း မဟုတ္ဘဲ တင္ဒါစီမံကိန္းလို႔ ေဖာ္ျပၿပီး ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြ ေငြက်ပ္ ၅၉ သန္းေက်ာ္ ေခ်းယူရာမွာ ထုတ္ေခ်းဖို႔ အတည္ျပဳဆုံးျဖတ္ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္ ေငြေၾကး၊ ပစၥည္းနဲ႔ ပိုင္ဆိုင္ေတြကို ထိခိုက္နစ္နာပ်က္စီး ဆုံးရႈံးေစခဲ့တယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရး ဘဏ္ရဲ႕ ဘဏ္အမည္သစ္ေျပာင္းလဲမႈကိစၥ၊ Digital Marketing Services Facebook ေၾကာ္ျငာ ဝန္ေဆာင္မႈ လုပ္ငန္းကိစၥအျပင္ သူနဲ႔ ဆက္စပ္တဲ့ ပုဂၢိဳလ္ေတြကို အိမ္နဲ႔ေျမ အာမခံနဲ႔ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္မွ ေခ်းေငြထုတ္ယူခြင့္ျပဳခဲ့တယ္လို႔လည္း စြပ္စြဲေဖာ္ျပထားပါတယ္။
ဒီအမႈေတြနဲ႔ ပတ္သက္ၿပီး ဦးရဲမင္းဦး အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမ အမွတ္(၁)နဲ႔ အမွတ္(၅)ၿမိဳ႕မရဲစခန္းတို႔မွာ ဩဂုတ္ ၅ ရက္ေန႔က ပထမသတင္းေပး တိုင္ၾကားခ်က္ ဖြင့္လွစ္ တရားစြဲဆို အေရးယူေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။
ဦးရဲမင္းဦးဟာ လက္ရွိတြင္ အင္းစိန္အက်ဥ္းေထာင္အတြင္း ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရတဲ့အတြက္ အဆိုပါစြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး ျပန္လည္တုံ႔ျပန္ႏိုင္ျခင္းမရွိေသးပါဘူး။
ဦးရဲမင္းဦးဟာ ဖမ္းဆီးမခံရခင္က ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီးတာဝန္ယူထားသူျဖစ္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း ဒဂုံၿမိဳ႕နယ္ကေန အႏိုင္ရ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္ပါတယ္။
ဦးရဲမင္းဦးကို စစ္ေကာင္စီက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ နဲ႔ ဒဂုံၿမိဳ႕နယ္တရား႐ုံးမွာ တရားစြဲထားတဲ့အတြက္ အင္းစိန္ေထာင္တြင္းကေန အမႈရင္ဆိုင္ေနရပါတယ္။
ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၄၀၉ ဟာ “ျပည္သူ႔ဝန္ထမ္းကျဖစ္ေစ၊ ဘဏ္တိုက္စိုးကျဖစ္ေစ၊ ကုန္သည္ကျဖစ္ေစ၊ ကိုယ္စားလွယ္ကျဖစ္ေစ၊ ရာဇဝတ္မကင္းေသာ ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႈ” ျဖစ္ၿပီး ျပစ္မႈထင္ရွားပါက တသက္တကြၽန္းဒဏ္ျဖစ္ေစ၊ အျမင့္ဆုံး ၁၀ ႏွစ္အထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္လည္းခ်မွတ္ႏိုင္တဲ့ အမႈျဖစ္ပါတယ္။ DVB
unicode
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဦးရဲမင်းဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ဩဂုတ် ၅ ရက် ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဦးရဲမင်းဦးဟာ သူရာထူးတာဝန်ရှိစဉ်က နေပြည်တော်မြို့မဈေးမှာ မီဒီယာစင်တာ ဆောက်လုပ်တဲ့ကိစ္စအပါအဝင် တခြားလုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းမှာ ဖော်ပြပါတယ်။
ဦးရဲမင်းဦးဟာ နေပြည်တော်မြို့မဈေးပွဲရုံတန်းမှာ Information Center တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့ တင်ဒါခေါ်ယူဆောင်ရွက်မှုမရှိဘဲ သူနဲ့ ဆက်စပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို တန်ဖိုး ငွေကျပ် ၁၆၉ သန်းကျော်နဲ့ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့တာ၊ ကုမ္ပဏီတစ်ခုက တင်ဒါစီမံကိန်း မဟုတ်ဘဲ တင်ဒါစီမံကိန်းလို့ ဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ငွေကျပ် ၅၉ သန်းကျော် ချေးယူရာမှာ ထုတ်ချေးဖို့ အတည်ပြုဆုံးဖြတ်ခဲ့တာကြောင့် နိုင်ငံတော် ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်တွေကို ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးစေခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်ရဲ့ ဘဏ်အမည်သစ်ပြောင်းလဲမှုကိစ္စ၊ Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှု လုပ်ငန်းကိစ္စအပြင် သူနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေကို အိမ်နဲ့မြေ အာမခံနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ယူခွင့်ပြုခဲ့တယ်လို့လည်း စွပ်စွဲဖော်ပြထားပါတယ်။
ဒီအမှုတွေနဲ့ ပတ်သက်ပြီး ဦးရဲမင်းဦး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီနယ်မြေ အမှတ်(၁)နဲ့ အမှတ်(၅)မြို့မရဲစခန်းတို့မှာ ဩဂုတ် ၅ ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဦးရဲမင်းဦးဟာ လက်ရှိတွင် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အတွက် အဆိုပါစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ဦးရဲမင်းဦးဟာ ဖမ်းဆီးမခံရခင်က ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးတာဝန်ယူထားသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဒဂုံမြို့နယ်ကနေ အနိုင်ရ ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။
ဦးရဲမင်းဦးကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲထားတဲ့အတွက် အင်းစိန်ထောင်တွင်းကနေ အမှုရင်ဆိုင်နေရပါတယ်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဟာ “ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ်ဖြစ်စေ၊ အမြင့်ဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်လည်းချမှတ်နိုင်တဲ့ အမှုဖြစ်ပါတယ်။ DVB