ကိုဗစ်ကူးစက်ရောဂါခံစားနေရချိန်မှာ အလှူရှင်တွေကြောင့် အသားဟင်းလေးနေ့တိုင်းစားရပြီး နလန်ပြန်ထူ လာနိုင်ပြီဖြစ်တဲ့ PDFလူငယ်လေးများ

လက်ရှိအခြေအနေမှာ ပြည်သူလူထုက တော်လှန်ရေးနဲ့ ကိုဗစ်တတိယလှိုင်းအတွက် ဘက်ပေါင်းစုံကနေ ဖြည့်ဆည်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။မြို့ပေါ်တွေမှာလည်း ကိုဗစ်ကြောင့် သေဆုံးသူတွေများပြားနေလို့ ပြည်သူတွေလည်း ဝိုင်းဝန်းဖြေရှင်းနေရတာဖြစ်ပါတယ်။

ဒါ့အပြင် တောထဲရောက်လူငယ်လေးတွေလည်း နေစရာ၊စားစရာအခက်အခဲတွေရှိနေလို့ သူတို့ကိုလည်း ပစ်မထားဘဲ တတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

တောထဲရောက်နေကြတဲ့ PDF လူငယ်လေးတွေဆိုရင် ရိက္ခာပြတ်သွားတဲ့အခါမှာ မျှစ်တူးစားကြပြီး ပဲဟင်း၊အသားတုတွေနဲ့သာ ဖြစ်သလိုစားသောက်ရတာဖြစ်ပါတယ်။ခုခံအားပြည့်ဝဖို့အတွက် အသားဟင်းတောင်မစားရလို့အသားဆိုမမြင်ရတာကြာလှနေပြီလို့သိရပါတယ်။

လူငယ်တချို့လည်း အခက်အခဲပေါင်းစုံကို ကျော်ဖြတ်နေရင်းနဲ့ပဲ ကိုဗစ်ကူးစက်ရောဂါကိုလည်း အလူးအလဲခံစားခဲ့ရတာဖြစ်ပါတယ်။ဒီလိုအဖြစ်တွေကိုကြားသိရတဲ့ ပြည်သူတွေကလည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းကြတာဖြစ်ပါတယ်။

အလှူရှင်တွေရဲ့စေတနာကြောင့် ကိုဗစ်ကူးစက်ခံရတဲ့လူငယ်လေးတွေကို ဆေးဝါးကုသမှုတွေနဲ့ ပြုစုပေးနိုင်ပြီးအသားဟင်းလည်းနေ့တိုင်းချက်ကျွေးလိုက်တာဖြစ်ပါတယ်။ပြည်သူတွေရဲ့ မေတ္တာဓာတ်နဲ့ ကိုဗစ် positive ဖြစ်နေကြတဲ့လူငယ်တွေလည်း ပြန်လည်ကောင်းမွန်လာကြပြီဖြစ်ပါတယ်။

တောထဲမှာ ကြုံသလိုစားသောက်နေရတာကြာပြီဖြစ်တာကြောင့် အမဲသားချက်ကျွေးတဲ့နေ့မှာ ခေါင်းမဖော်တမ်း အားရပါးရစားသောက်နေကြတဲ့ လူငယ်လေးတွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Crd-myanmarload

Add a Comment

Your email address will not be published. Required fields are marked *