ကိုဗစ်ရုပ်အလောင်းတွေ များလွန်းတာကြောင့် အိမ်မပြန် ဘဲ ညသန်းခေါင်အထိ မီးသင်္ဂြိုဟ်ပေးနေကြရတဲ့ လူငယ်လေးနှစ်ယောက်

ဒီအတော်အတွင်း ကိုဗစ်ရောဂါ ပျောက်ကင်းသွားကြသူတွေလည်း ရှိကြသလို သေဆုံးနေကြသူတွေလည်း များစွာရှိနေသေးတာ စိတ်မကောင်းစရာ မြင်ကွင်းတွေပါပဲ ။

သေဆုံးသူတွေ များလို့ ပရဟိတ အသင်းသားတွေ လည်း မနားတမ်း ကူညီနေရသလို သင်္ဂြိုလ်တဲ့နေရာတွေမှာလည်း အတော်လေး အခက်တွေ့နေကြတာကို နေရာ အနှံ့အပြားမှာ တွေ့နေရဆဲပါ ။

ဒါပေမယ့်လည်း အားလုံးကတော့ တတ်နိုင်သလောက် အစွမ်းကုန် ကူညီ လုပ်ဆောင်ပေး လျက်ရှိပါတယ်။ အခုလည်း မုဒုံမြို့မှာ သေဆုံးလူနာတွေ အရမ်းများလို့ ညသန်းခေါင်းအထိ မအိပ်ဘဲ အားလုံး ပီးဆုံးအောင် မီးသင်္ဂြိုလ် ပေးနေကြတဲ့ Volunteer လူငယ်လေးတွေရဲ့ ပို့စ် တစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။

PPE တွေဝတ်ဆင်ကာ ပူလောင်တဲ့ မီးတွေကြား ကြိုးစားလုပ်ဆောင်ပေးနေကြတာ ဘယ်လောက်တောင် ပင်ပန်းကြမလည်း ။

ဒါ့အပြင် သူတို့ကို ချီးမြှင့်တဲ့ ဆုငွေကျပ် တစ်သိန်းကိုလည်း မယူဘဲ ပြန်လှူခဲ့တယ်လို့လည်းသိရပါတယ် ။ အနယ်နယ် အရပ်ရပ်က ပရဟိတ အသင်းသားတွေရဲ့ မွန်မြတ်လွန်းတဲ့ လုပ်ရပ်တွေကတော့ တကယ်လေးစားစရာပါပဲ ။

ပရိသတ်ကြီးအတွက် မုဒုံမြို့ မီးသင်္ဂြိုဟ်စက်က Volunteer လူငယ်လေးနှစ်ယောက်ရဲ့ ညသန်းခေါင်အထိ ကိုဗစ်ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးနေကြတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader

Add a Comment

Your email address will not be published. Required fields are marked *