မင္းေအာင္လႈိင္ ကို ပါ ဂ်င္းျပန္ထည့္ တဲ့ ခ်ဥ္ခ်ဥ္ ( ခင္ခင္ႀကီး ) နဲ႔ ဖုံးမရ ဖိမရ တဲ့ အျဖစ္မွန္

ခင္ခင္ႀကီး – ရွင္- အဘ။ မင္းေအာင္လႈိင္- မင္း ငါ့ကို ဂ်င္းထည့္သလားကြယ္။ ခင္ခင္ႀကီး – ရွင္၊ အဘ၊ အဲ အဲလိုမ်ိဳး ဘယ္တုန္းကမွ မလုပ္ခဲ့ပါဘူး အဘ၊ လုပ္ဖို႔ စိတ္ေတာင္ မကူးရဲပါဘူးအဘ၊ အဘ ဘာမ်ား အထင္အျမင္ လြဲေနလို႔ပါလဲရွင္။

(ေၾကာက္႐ြံ႕၊ ထိတ္လန႔္၊ ထစ္အ စြာျဖင့္) မင္းေအာင္လႈိင္- ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ ရက္ ငါ့မိန႔္ခြန္းထဲမွာ ကိုဗစ္နဲ႔ ဆိုင္တဲ့ အပိုင္းေတြကို မင္းေရးေပးတဲ့အတိုင္း ငါ ဖတ္တာပဲေလ။ ငါက ဘာမွ နားလည္တာ မဟုတ္ဘူး။ ဒါေပမယ့္ အခု အဖြဲ႕အစည္းေတြ၊ ႏိုင္ငံတကာ အသိုင္းအဝိုင္းေတြကေန

ငါေျပာတဲ့ အခ်က္အလက္ေတြ အေပၚ မူတည္ၿပီး ငါ့ကို ျပန္ထိုးႏွက္လာလို႔။ ခင္ခင္ႀကီး – ဘာ ဘာမ်ားလဲဟင္ အဘ။ မင္းေအာင္လႈိင္- ဒီလိုေလ။ ငါက ကိုဗစ္ကို ငါတို႔ ကိုင္တြယ္ႏိုင္တယ္၊ ကူးစက္ခံရတာ ေလ်ာ့သြားတယ္ ဆိုတာမ်ိဳး ျပခ်င္တာေလ။

အဲဒီမွာ မင္းေရးေပးလိုက္တာက ဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ ျဖစ္ပြားမႈႏႈန္းဟာ ဇူလိုင္ ၂၃ ရက္ေန႔မွာ ၄၀ ဒသမ ၈၂% ကေန ဇူလိုင္ ၂၉ ရက္ေန႔မွာ ၃၄ ဒသမ ၇၅% အထိ က်သြားတယ္ ဆိုၿပီး ငါက ထည့္ေျပာလိုက္တယ္။ ေျပာပါဦး၊ အဲဒါက ဘာ ဂဏန္းေတြလဲ။ ခင္ခင္ႀကီး – အဲဒါ ဗိုင္းရပ္စ္ စစ္ေဆးမႈ ရလာဒ္ပါ အဘ။

လူ ၁၀၀ မွာ စစ္လိုက္ရင္ ဘယ္ေလာက္မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္ ဆိုတာမ်ိဳးပါ။ ဥပမာ ဇူလိုင္ ၂၃ ရက္ေန႔မွာ လူ ၁၀၀ စစ္လိုက္ရင္ လူ အေယာက္ ၄၀ မွာ ဗိုင္းရပ္စ္ ေတြ႕တယ္၊ ဇူလိုင္ ၂၉ ရက္ေန႔ေရာက္ေတာ့ လူ ၁၀၀ စစ္ရင္ ၃၄ ေယာက္ပဲ ေတြ႕ရေတာ့တယ္။ အဲဒါမ်ိဳးပါ အဘ။

မင္းေအာင္လႈိင္- အခု သူတို႔က ေျပာေနၾကၿပီ။ အဲေလာက္ ကူးစက္တာဟာ ဒယ္လ္တာ မ်ိဳးကြဲ ပ်ံ႕ႏွံ႔ေနတဲ့ အိႏၵိယ ထက္ေတာင္ ျမင့္ေနသတဲ့။ ကမာၻေပၚမွာ အျမင့္ဆုံးတဲ့။ အဲဒါ မွန္သလား။

ခင္ခင္ႀကီး – အဲဒါ -ဒါ။ မင္းေအာင္လႈိင္- ေျပာပါဦး အိႏၵိယ ေန႔စဥ္ ကူးစက္မႈ ရာခိုင္ႏႈန္း အဲေလာက္ ရွိသလား၊ ခင္ခင္ႀကီး – မရွိပါဘူး။ မင္းေအာင္လႈိင္- ဘဂၤလားေဒ့ရွ္ ခင္ခင္ႀကီး – မရွိပါဘူး။ မင္းေအာင္လႈိင္- ထိုင္း ခင္ခင္ႀကီး – မရွိပါဘူး။

မင္းေအာင္လႈိင္- ဒါဆို ငါတို႔ႏိုင္ငံက ကမာၻေပၚမွာ ကူးစက္မႈႏႈန္း အျမင့္ဆုံးလို႔ သူတို႔ ေျပာတာ အမွန္ပဲေပါ့။ ခင္ခင္ႀကီး ခင္ခင္ႀကီး – (အထစ္ထစ္ အေငါ့ေငါ့ျဖင့္ ) ဟုတ္- ဟုတ္- အဘ။

မင္းေအာင္လႈိင္- အဲဒါဆို ငါ့မိန႔္ခြန္းထဲ ဘာေၾကာင့္ အဲဒါေတြ ထည့္ေပးသလဲ။ ခင္ခင္ႀကီး – အဘက ေလ်ာ့က်သြားတာ လိုခ်င္တယ္ ဆိုလို႔။ မင္းေအာင္လႈိင္- ဒါက ငါလိုခ်င္တာမွ မဟုတ္တာ။ ကဲ ငါလိုခ်င္တာ မင္းတို႔ ဘာလုပ္ေပးခဲ့သလဲ။ ေျပာပါဦး။ ခင္ခင္ႀကီး – အဘက ၫႊန္ၾကားထားပါတယ္။

ဗိုင္းရပ္စ္ ေတြ႕တဲ့သူ နည္းခ်င္တယ္၊ သူမ်ား ႏိုင္ငံေတြထက္ မမ်ားရဘူး၊ ေသတဲ့သူ နည္းခ်င္တယ္၊ သူမ်ားေတြထက္ နည္းရမယ္၊ ေရဘူးေပါက္တာ မလိုခ်င္ဘူး၊ ေရပါတာပဲ လိုခ်င္တယ္ ဆိုလို႔ က်မတို႔ ႀကိဳးစား လုပ္ေနပါတယ္။

မင္းေအာင္လႈိင္- ဘာေတြ လုပ္လို႔လဲ။ ခင္ခင္ႀကီး – က်မတို႔ တတ္ႏိုင္သေလာက္ ဗိုင္းရပ္စ္ ရွိမရွိ လူနည္းနည္းေလးပဲ စစ္ပါတယ္။ အဘ မွတ္မိပါဦးမယ္။ အရင္ အစိုးရတုန္းက အမ်ားဆုံးအေနနဲ႔ တစ္ေန႔ လူ ၂ ေသာင္းေလာက္ကို စစ္ေပးခဲ့ပါတယ္။

သူတို႔တုန္းက ကူးစက္ခံ ဒီေလာက္ မ်ားေသးတာ မဟုတ္ဘူး။ က်မတို႔လက္ထက္ ေရာက္ေတာ့ အဘ ၫႊန္ၾကားတဲ့အတိုင္း ခုလို ကူးစက္မႈ တအားမ်ားေနတဲ့အထဲ တတ္ႏိုင္သမွ် နည္းနည္းေလးပဲ စစ္ခဲ့ပါတယ္။ စစ္တာနည္းရင္ ေတြ႕တာနည္းမယ္၊

လူေသတာလည္း နည္းမယ္ မဟုတ္လား အဘ။ မင္းေအာင္လႈိင္- ေျပာပါဦး။ ခင္ခင္ႀကီး – အဲဒါနဲ႔ ဘယ္ေလာက္ပဲ ဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္ျမင့္ က်မတို႔ လူ တစ္ေသာင္းခြဲ ေအာက္ပဲ စစ္ေပးပါတယ္။

တစ္ရက္ က်မ ခြင့္ယူထားတဲ့ ဇူလိုင္ ၁၄ ရက္ေန႔မွာ အဲဒီေန႔ တာဝန္က်သူေတြက အဘ ေျပာတာကို မသိပဲ လူ ၂၁၃၅၂ ေယာက္ စစ္လိုက္မိတယ္။ အဲဒီတစ္ရက္တည္း ကူးစက္ခံရသူ ၇၀၈၃ ေယာက္ ေတြ႕တာပဲ။

က်မလည္း သူတို႔ကို ဆူပူၿပီး ထိန္းလိုက္တာ ေနာက္ပိုင္း သူတို႔ ၁၅၀၀၀ ေအာက္ပဲ စစ္ေတာ့တယ္အဘ။ ဒါေၾကာင့္ က်မတို႔ဆီမွာ ေန႔စဥ္ ကူးစက္မႈႏႈန္း ငါးေထာင္ ေျခာက္ေထာင္ ေက်ာ္ကေန မတက္တာပါ။

ထိုင္းမွာဆို တစ္ရက္ ေသာင္းေက်ာ္ပါတယ္ အဘ။ အင္ဒိုနီးရွားလဲ ေသာင္းဂဏန္းပါ။ က်မတို႔ တကယ္စစ္ရင္ က်မတို႔လည္း တစ္ေန႔ လူ ေသာင္းဂဏန္း ကူးစက္တာ ေတြ႕ရမွာပါ။ က်မ အဘ စကားနားေထာင္ပါတယ္ အဘ။

မင္းေအာင္လႈိင္- ဒါေပမယ့္ တစ္ရက္ လူ ၃၀၀ ေက်ာ္ ၄၀၀ နီးပါးပဲ ေသေနတာက ယုတၱိ မရွိဘူး ေျပာေနၾကျပန္တယ္။ ခင္ခင္ႀကီး – က်မတို႔ ထုတ္ျပန္တာ ယုံၾကပါတယ္အဘ၊ WHO ကိုလည္း ဒီစာရင္း ေန႔တိုင္း ပို႔ပါတယ္ အဘ။

ဆိုးသြားတာက အဘ ေအာက္က လူေတြက ရန္ကုန္မွာ တစ္ရက္ လူ ၃၀၀၀ ေလာက္ မီးသၿဂိဳလ္ႏိုင္ေအာင္ လုပ္ရမယ္ ဆိုၿပီး စက္ေတြ တိုးခ်ဲ႕ တည္ေဆာက္တာကို တိတ္တဆိတ္ မလုပ္ပဲ ျမဝတီက ႐ုပ္သံ သတင္းေထာက္ေတြကိုပါေခၚ၊

အေသအျခာ ႐ိုက္ကူး၊ ႐ုပ္သံမွာ အက်ယ္တဝင့္လႊင့္ျပေတာ့ လူနည္းနည္းပဲ ေသတယ္ ဆိုၿပီး ဖုံးထားသမွ် အကုန္ေပၚသြားတာပါ အဘ။ မင္းေအာင္လႈိင္- ေျပာစမ္း အဲဒါ ဘယ္သူေတြ လုပ္တာလဲ။

ခင္ခင္ႀကီး – ရန္ကုန္တိုင္း စစ္တိုင္းမႉး၊ ရန္ကုန္ စကစ ဥကၠဌ၊ ျမဝတီ ၫႊန္မႉးတို႔ပါ အဘ၊ သူတို႔ကို ေကာင္းေကာင္း အေရးယူသင့္ပါတယ္။ သူတို႔က အဘကို တကယ့္ ဂ်င္းႀကီးထည့္တာပါ အဘ။ မင္းေအာင္လႈိင္- ေကာင္းၿပီ၊ အဲေကာင္ေတြ သိမယ္။

crd-STAM

unicode

ခင်ခင်ကြီး – ရှင်- အဘ။ မင်းအောင်လှိုင်- မင်း ငါ့ကို ဂျင်းထည့်သလားကွယ်။ ခင်ခင်ကြီး – ရှင်၊ အဘ၊ အဲ အဲလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး အဘ၊ လုပ်ဖို့ စိတ်တောင် မကူးရဲပါဘူးအဘ၊ အဘ ဘာများ အထင်အမြင် လွဲနေလို့ပါလဲရှင်။

(ကြောက်ရွံ့၊ ထိတ်လန့်၊ ထစ်အ စွာဖြင့်) မင်းအောင်လှိုင်- ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် ငါ့မိန့်ခွန်းထဲမှာ ကိုဗစ်နဲ့ ဆိုင်တဲ့ အပိုင်းတွေကို မင်းရေးပေးတဲ့အတိုင်း ငါ ဖတ်တာပဲလေ။ ငါက ဘာမှ နားလည်တာ မဟုတ်ဘူး။ ဒါပေမယ့် အခု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကနေ

ငါပြောတဲ့ အချက်အလက်တွေ အပေါ် မူတည်ပြီး ငါ့ကို ပြန်ထိုးနှက်လာလို့။ ခင်ခင်ကြီး – ဘာ ဘာများလဲဟင် အဘ။ မင်းအောင်လှိုင်- ဒီလိုလေ။ ငါက ကိုဗစ်ကို ငါတို့ ကိုင်တွယ်နိုင်တယ်၊ ကူးစက်ခံရတာ လျော့သွားတယ် ဆိုတာမျိုး ပြချင်တာလေ။

အဲဒီမှာ မင်းရေးပေးလိုက်တာက ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဖြစ်ပွားမှုနှုန်းဟာ ဇူလိုင် ၂၃ ရက်နေ့မှာ ၄၀ ဒသမ ၈၂% ကနေ ဇူလိုင် ၂၉ ရက်နေ့မှာ ၃၄ ဒသမ ၇၅% အထိ ကျသွားတယ် ဆိုပြီး ငါက ထည့်ပြောလိုက်တယ်။ ပြောပါဦး၊ အဲဒါက ဘာ ဂဏန်းတွေလဲ။ ခင်ခင်ကြီး – အဲဒါ ဗိုင်းရပ်စ် စစ်ဆေးမှု ရလာဒ်ပါ အဘ။

လူ ၁၀၀ မှာ စစ်လိုက်ရင် ဘယ်လောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာမျိုးပါ။ ဥပမာ ဇူလိုင် ၂၃ ရက်နေ့မှာ လူ ၁၀၀ စစ်လိုက်ရင် လူ အယောက် ၄၀ မှာ ဗိုင်းရပ်စ် တွေ့တယ်၊ ဇူလိုင် ၂၉ ရက်နေ့ရောက်တော့ လူ ၁၀၀ စစ်ရင် ၃၄ ယောက်ပဲ တွေ့ရတော့တယ်။ အဲဒါမျိုးပါ အဘ။

မင်းအောင်လှိုင်- အခု သူတို့က ပြောနေကြပြီ။ အဲလောက် ကူးစက်တာဟာ ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့နေတဲ့ အိန္ဒိယ ထက်တောင် မြင့်နေသတဲ့။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတဲ့။ အဲဒါ မှန်သလား။

ခင်ခင်ကြီး – အဲဒါ -ဒါ။ မင်းအောင်လှိုင်- ပြောပါဦး အိန္ဒိယ နေ့စဉ် ကူးစက်မှု ရာခိုင်နှုန်း အဲလောက် ရှိသလား၊ ခင်ခင်ကြီး – မရှိပါဘူး။ မင်းအောင်လှိုင်- ဘင်္ဂလားဒေ့ရှ် ခင်ခင်ကြီး – မရှိပါဘူး။ မင်းအောင်လှိုင်- ထိုင်း ခင်ခင်ကြီး – မရှိပါဘူး။

မင်းအောင်လှိုင်- ဒါဆို ငါတို့နိုင်ငံက ကမ္ဘာပေါ်မှာ ကူးစက်မှုနှုန်း အမြင့်ဆုံးလို့ သူတို့ ပြောတာ အမှန်ပဲပေါ့။ ခင်ခင်ကြီး ခင်ခင်ကြီး – (အထစ်ထစ် အငေါ့ငေါ့ဖြင့် ) ဟုတ်- ဟုတ်- အဘ။

မင်းအောင်လှိုင်- အဲဒါဆို ငါ့မိန့်ခွန်းထဲ ဘာကြောင့် အဲဒါတွေ ထည့်ပေးသလဲ။ ခင်ခင်ကြီး – အဘက လျော့ကျသွားတာ လိုချင်တယ် ဆိုလို့။ မင်းအောင်လှိုင်- ဒါက ငါလိုချင်တာမှ မဟုတ်တာ။ ကဲ ငါလိုချင်တာ မင်းတို့ ဘာလုပ်ပေးခဲ့သလဲ။ ပြောပါဦး။ ခင်ခင်ကြီး – အဘက ညွှန်ကြားထားပါတယ်။

ဗိုင်းရပ်စ် တွေ့တဲ့သူ နည်းချင်တယ်၊ သူများ နိုင်ငံတွေထက် မများရဘူး၊ သေတဲ့သူ နည်းချင်တယ်၊ သူများတွေထက် နည်းရမယ်၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုလို့ ကျမတို့ ကြိုးစား လုပ်နေပါတယ်။

မင်းအောင်လှိုင်- ဘာတွေ လုပ်လို့လဲ။ ခင်ခင်ကြီး – ကျမတို့ တတ်နိုင်သလောက် ဗိုင်းရပ်စ် ရှိမရှိ လူနည်းနည်းလေးပဲ စစ်ပါတယ်။ အဘ မှတ်မိပါဦးမယ်။ အရင် အစိုးရတုန်းက အများဆုံးအနေနဲ့ တစ်နေ့ လူ ၂ သောင်းလောက်ကို စစ်ပေးခဲ့ပါတယ်။

သူတို့တုန်းက ကူးစက်ခံ ဒီလောက် များသေးတာ မဟုတ်ဘူး။ ကျမတို့လက်ထက် ရောက်တော့ အဘ ညွှန်ကြားတဲ့အတိုင်း ခုလို ကူးစက်မှု တအားများနေတဲ့အထဲ တတ်နိုင်သမျှ နည်းနည်းလေးပဲ စစ်ခဲ့ပါတယ်။ စစ်တာနည်းရင် တွေ့တာနည်းမယ်၊

လူသေတာလည်း နည်းမယ် မဟုတ်လား အဘ။ မင်းအောင်လှိုင်- ပြောပါဦး။ ခင်ခင်ကြီး – အဲဒါနဲ့ ဘယ်လောက်ပဲ ဗိုင်းရပ်စ် ကူးစက်မှု မြင့်မြင့် ကျမတို့ လူ တစ်သောင်းခွဲ အောက်ပဲ စစ်ပေးပါတယ်။

တစ်ရက် ကျမ ခွင့်ယူထားတဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ အဲဒီနေ့ တာဝန်ကျသူတွေက အဘ ပြောတာကို မသိပဲ လူ ၂၁၃၅၂ ယောက် စစ်လိုက်မိတယ်။ အဲဒီတစ်ရက်တည်း ကူးစက်ခံရသူ ၇၀၈၃ ယောက် တွေ့တာပဲ။

ကျမလည်း သူတို့ကို ဆူပူပြီး ထိန်းလိုက်တာ နောက်ပိုင်း သူတို့ ၁၅၀၀၀ အောက်ပဲ စစ်တော့တယ်အဘ။ ဒါကြောင့် ကျမတို့ဆီမှာ နေ့စဉ် ကူးစက်မှုနှုန်း ငါးထောင် ခြောက်ထောင် ကျော်ကနေ မတက်တာပါ။

ထိုင်းမှာဆို တစ်ရက် သောင်းကျော်ပါတယ် အဘ။ အင်ဒိုနီးရှားလဲ သောင်းဂဏန်းပါ။ ကျမတို့ တကယ်စစ်ရင် ကျမတို့လည်း တစ်နေ့ လူ သောင်းဂဏန်း ကူးစက်တာ တွေ့ရမှာပါ။ ကျမ အဘ စကားနားထောင်ပါတယ် အဘ။

မင်းအောင်လှိုင်- ဒါပေမယ့် တစ်ရက် လူ ၃၀၀ ကျော် ၄၀၀ နီးပါးပဲ သေနေတာက ယုတ္တိ မရှိဘူး ပြောနေကြပြန်တယ်။ ခင်ခင်ကြီး – ကျမတို့ ထုတ်ပြန်တာ ယုံကြပါတယ်အဘ၊ WHO ကိုလည်း ဒီစာရင်း နေ့တိုင်း ပို့ပါတယ် အဘ။

ဆိုးသွားတာက အဘ အောက်က လူတွေက ရန်ကုန်မှာ တစ်ရက် လူ ၃၀၀၀ လောက် မီးသဂြိုလ်နိုင်အောင် လုပ်ရမယ် ဆိုပြီး စက်တွေ တိုးချဲ့ တည်ဆောက်တာကို တိတ်တဆိတ် မလုပ်ပဲ မြဝတီက ရုပ်သံ သတင်းထောက်တွေကိုပါခေါ်၊

အသေအခြာ ရိုက်ကူး၊ ရုပ်သံမှာ အကျယ်တဝင့်လွှင့်ပြတော့ လူနည်းနည်းပဲ သေတယ် ဆိုပြီး ဖုံးထားသမျှ အကုန်ပေါ်သွားတာပါ အဘ။ မင်းအောင်လှိုင်- ပြောစမ်း အဲဒါ ဘယ်သူတွေ လုပ်တာလဲ။

ခင်ခင်ကြီး – ရန်ကုန်တိုင်း စစ်တိုင်းမှူး၊ ရန်ကုန် စကစ ဥက္ကဌ၊ မြဝတီ ညွှန်မှူးတို့ပါ အဘ၊ သူတို့ကို ကောင်းကောင်း အရေးယူသင့်ပါတယ်။ သူတို့က အဘကို တကယ့် ဂျင်းကြီးထည့်တာပါ အဘ။ မင်းအောင်လှိုင်- ကောင်းပြီ၊ အဲကောင်တွေ သိမယ်။

crd-STAM

Add a Comment

Your email address will not be published. Required fields are marked *