သူမ နာမည်ကို အသုံးချကာ လိမ်လည်နေကြသူတွေ ရှိကြောင်း ပြတ်သားစွာ သတိပေး ပြောကြားလာ တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုများကို ရရှိထားသူ ပဲဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီလည်းဘယ်လောက်ဝေးဝေး နီးနီး ကိုယ်တိုင် သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကို တတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။

ခုလို ကိုဗစ်ကာလတွေမှာလည်း အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံး ကူညီလှူဒါန်းကာ ဖြေရှင်းပေးလျက်ရှိတာကိုတွေ့ရပါတယ် ။ ဒီနေ့မှာတော့ ခုလို ကူညီလှူဒါန်းမှုတွေနဲ့ပတ်သက်ပြီး သူမရဲ့ နာမည်သုံးကာ ပေ့စ်အတုတွေ ဖွင့်ပြီး လိမ်လည်နေကြသူတွေ ရှိနေကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာတာတွေ့ရပါတယ် ။

ဒါ့အပြင် လိမ်ခံလိုက်ရသူတွေလည်းရှိကြောင်းကို ” ကျမ နာမည်နဲ့ page အတု များစွာ ပေါ်နေကာ မှားယွင်းလှုမိလို့ လာပြောကြတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်…ဖုန်းနံပါတ်ရော အကောင့်တွေပါ ဆင်တူယိုးမှားလုပ်ကာ page အတု အများကြီး ဖြစ်နေတဲ့ အတွက် မပြောချင်ပေမဲ့ အသိပေးရခြင်းဖြစ်ပါတယ်ရှင်…ဖော်ပြပါ အကောင့်တွေရော page တွေရောမှာ ကျမ page မဟုတ်ပဲ အတုများသာ ဖြစ်ပါတယ်…အားလုံးပဲ သတိထား၍ စီစစ်ပြီး မှားယွင်းမှုများ ကင်းဝေးကြပါစေရှင်..” ရေးသားသတိပေးထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

Add a Comment

Your email address will not be published. Required fields are marked *