








unicode

မေဦးကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက်ကြိုတင်ပြင်ဆင်လျက်ရှိနေပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတစ်ချို့ကိုလည်း ပြည်သူတွေ သိရှိကြစေဖို့ လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မေဦးရဲ့ Facebook အကောင့်တွင် ဗီဒီယိုဖိုင်တစ်ခု တင်ပေးထားတာ ဖြစ်ပါတယ်။

ဒါကတော့ တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ဖြည့်ဆည်း လုပ်ကိုင်ပေးနေတဲ့ မေဦးရဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ မေဦးကတော့ ဆန်(၃) ဆန်ထောက်ပံ့ပေးဖို့ကိုလည်း ပြည်သူတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါကတော့ ပိုက်ဆံ၊ ဆန်(စားနပ်ရိက္ခာ)၊ ကျည်ဆန်တို့ကို ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုပြီးတဲ့အခါ PDF လေးတွေအတွက် ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲများပြင်ဆင်ရန်အတွက် လက်နက်ခဲယမ်းများအပြင် စားနပ်ရိက္ခာများလည်း လိုအပ်လှပါတယ်။

ပြည်သူများကလည်း မေဦးရဲ့ ပို့စ်အောက်တွင် PDF ရဲဘော်များအတွက် တတ်နိုင်သလောက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း comment များတွင် ရေးသားထားကြတာကို အားရဖွယ် မြင်တွေ့ရပါတယ်။

ဒါ့အပြင် မေဦး၊ဟန်လင်းနဲ့အတူ PDF တွေအားလုံး ဘေးကင်းကျန်းမာပြီး အရေးတော်ပုံ အမြန်ဆုံး အောင်မြင်ဖို့အတွက်ကိုလည်းဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။

လိုအပ်နေတဲ့ နေရာတိုင်းကို ပြည်သူတွေ အားလုံးစုပေါင်းပြီး ပါဝင်လှူဒါန်းပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account

Add a Comment

Your email address will not be published.