မိခင်ကြီးရှေ့မှာအားတင်းထားရ သမျှ ခုမှရင်ဖွင့်ခွင့်ရ တဲ့ မေပန်းချီ

ပြည်သူချစ်oရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီဟာဆိုရင် အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့အပြင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်.ဒီကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့သားအမိနှစ်ယောက်ကအလူးလည်း

ကိုရင်ဆိုင်အသက်လုနေရတာပဲဖြစ်ပါတယ်နော်။ လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း မိခင်ဖြစ်သူအောက်ဆီဂျင်ရှုနေရင်း ပြုစုပေးနေတာ ဖြစ်ပါတယ်။ မေပန်းချီကတော့ မိခင် ကျန်းမာနေစဉ်ကာလမှာလည်း လိုလေးသေးမရှိရ‌ အောင်ပြုစုသူဖြစ်ပြီး နေမကောင်းနေစဉ်မှာလည်း ကလေးလေးတစ်ယောက်လို ဂရုတစိုက်

ပြုစုပေးတဲ့သမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိခင်အသက်ထွက်ခါနီးမှာလည်း မိခင်ကိုတရားအကြောင်းလေး ပြောပြပြီး မိဘကျေးဇူးကိုဆပ်နိုင်ခဲ့သူလေး ဖြစ်ပါတယ်။ မိခင်က မလှုပ်ရှားတော့တာ ၃ ရက်ရှိနေပြီဖြစ်ပေမဲ့ မိခင်ရဲ့နောက်ဆုံးအချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းပြီးနောက်မှာတော့ မေပန်းချီက ”

အမေ အမေမရှိတော့တဲ့နောက်မှာသမီးအတွက် အောင်မြင်မူ့တွေမအောင်မြင်မူ့တွေအဆင်ပြေတာတွေမပြေတာတွေပိုက်ဆံရှိတာတွေ မရှိတာတွေ ဘာလိုချင်ရမက်မှမရှိတော့ပါဘူးဘဝမှာ လုပ်ချင်တာဖြစ်စေ မလုပ်ချင်တာဖြစ်စေ ဘဝမှာအမေ့အတွက် အမေဒီထပ်ပိုအဆင်ပြေစေဖို့ ဆိုတဲ့စိတ်နဲ့ ကြိုးစားရုန်းကန်

နာကျင်ခဲ့ရတာတွေဟာဒီအချိန်မှာခေါင်းစဉ်မဲ့အဓိပ္ပာယ်တွေမဲ့ သွားခဲ့ပါပြီသမီးဘဝမှာ အမေ့အတွက်ဆိုပြီးခေါင်စဉ်မရှိတော့တဲ့အတွက် သမီးဘဝကသေဆုံးသွားပါပြီသမီးဘာကိုမှမလိုချင်တော့ပါဘူး သမီးရင်တွေကွဲနေပါပြီ အမေရယ် ” ဆိုပြီးဝမ်းနည်းစွာနဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။မိခင်ကြီးအပေါ်

တာဝန်ကျေပွန်လှတဲ့မေပန်းချီကတော့ အရမ်းကိုကြွေကွဲခံစားနေရမှာတော့ အသေအချာပါပဲနော်။ခုလိုမေပန်းချီရဲ့မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။

အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Cele World ပရိတ်သတ်ကြီးလည်း မေပန်းချီအတွက် အားပေးစကားလေး တစ်ခုခုရေးပေးသွားကြပါအုံးနော်..

Source: May Panche

Add a Comment

Your email address will not be published. Required fields are marked *