လက်ရှိကာလမှာ အခက်အခဲဖြစ်နေ တဲ့ ပြည်သူတွေ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ တဲ့ ဒိန်းဒေါင် (ရုပ်သံ)

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ ဒီနေ့မှာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းတဲ့

အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒိန်းဒေါင်ကတော့ သူကိုယ်တိုင်ဦးစီးပြီး “ချွန်တွန်း” လို့ အမည်ပေးထားတဲ့ ပရဟိတ လူမှုကူညီရေး အသင်းလေးတစ်ခုကို တည်ထောင်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ကိုဗစ်ကပ်ရောဂါစတင် ဝင်ရောက်လာချိန်ကတည်းက စားဝတ်နေရေး ခက်ခဲနေတဲ့ပြည်သူတွေအတွက် စားသောက်ကုန်တွေ အလှူငွေတွေ လှူဒါန်းပေးခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားနိုင်ရေး

အတွက် တတ်နိုင်သမျှအစွမ်းကုန် ကူညီပေးခဲ့ပါသေးတယ်။ ဒီနေ့သြဂုတ်လ ၇ ရက်နေ့မှာလည်း ဒိန်းဒေါင်က သူ့ရဲ့ပရဟိတအဖွဲ့နဲ့အတူ စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးကို ပြုလုပ်ခဲ့တာပဲ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဖြစ်ပါတယ်။ တကယ်ခက်ခဲနေတဲ့ ပြည်သူတွေ အတွက် လှူဒါန်းပေးတဲ့ အလှူလေးဖြစ်ပြီး ပရိသတ်တွေလည်း အလှူလေးကို ကြည်နူးပီတိဖြစ်လို့ရအောင် ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ယက်

စာမျက်နှာထက်ကနေ မှတ်တမ်းတင် မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့ရဲ့ အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ် ဆိုပေးခဲ့ကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *