ချောင်းခြောက်ဆိုးခြင်း နာတာရှည် အဆုတ်ရောဂါခေါ် မြစ်ခြောက်နာ အတွက်
|ချောင်းခြောက်ဆိုးခြင်းအဆုတ်တွင်အပူငုပ်၍ဖြစ်သည်။နာတာရှည် အဆုတ်ရောဂါခေါ် မြစ်ခြောက်နာကြောင့်လည်းဖြစ်တတ်သည်။
✔ နံနက်စောစော အုန်းစိမ်းရည်သောက်ပြီးရေချိုးပေးပါ ။
✔ အုန်းစိမ်းရည်တွင် ချင်းပါးပါးလှီးပြီးအနည်းငယ်ထည့်၍ မီးဖြင့်ဆူရုံအပူပေးကာနွေးနွေးသောက်ပါ။
✔ လောက်သေရွက်ပြုတ်ရည်ကိုတစ်နေ့လျှင်မတ်ခွက်တစ်လုံးစာသောက်ပါ။
✔ မီးကွင်း ဂမုန်းရွက်သတ္တုရည်ကိုဆားလှော် အနည်းငယ်ထည့်သောက်ပါ။
✔ ပြည်ပန်းညိုအရွက်ထောင်းပြီး အရည်ညှစ်အကြမ်းပန်းကန်တစ်လုံးစာတွင်ပျားရည်တစ်ဇွန်း စပ်သောက်ပါ။
✔ ကြက်သွန်နီဥ ကြီးမီးအုံးပြီးပူတုန်းစားပါ။
✔ ရှောက်သီးအရည် ၃ ဇွန်း၊ ပျားရည် ၁ ဇွန်းစပ်ပြီး သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။
✔ သင်္ဘော အဖိုပင်အရွက်ကိုမီးမြိုက်ပြီးအတို့အမြုပ်လုပ်စားပါ။
cred ဆရာကြည်လွင်မြင့်(မုဒြာ)
ပြန်လည်မျှဝေပါတယ်….