(၈၅)အထိက်ေနတဲ့ခမည္းေတာ္ကို ေအာက္ဆီဂ်င္ေပးမရႉ ဘဲ ေအာက္ဆီဂ်င္ျပန္တက္ေအာင္ ျပဳလုပ္ခဲ့ရပုံကို အေသးစိတ္ေျပာျပလာတဲ့ ဘုန္းဘုန္းတစ္ပါး

ကိုဗစ္ေရာဂါကူးစက္ခံရေပမယ့္လည္း မိသားစုဝင္ေတြရဲ႕ျပဳစုမႈ၊ စိတ္ဓာတ္မက်မႈေတြေၾကာင့္ ကိုဗစ္ေရာဂါကို တြန္းလွန္ႏိုင္ခဲ့တဲ့ ျပည္သူေတြလည္း အမ်ားအျပားရွိပါတယ္။ ယခုမွာေတာ့ ဆရာေတာ္တစ္ပါးဟာ ခမည္းေတာ္နဲ႔မယ္ေတာ္အျပင္ အမ်ိဳးေတြပါ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတာေၾကာင့္ ကိုယ္တိုင္စီမံၿပီး ေရာဂါေပ်ာက္ကင္းေအာင္ လုပ္ေဆာင္ေပးခဲ့ရပုံကို ေျပာျပလာခဲ့ပါတယ္။ ကိုဗစ္ကူးစက္ခံရတဲ့ အမ်ိဳးေတြကို ေအာက္ဆီဂ်င္စက္လုံးဝေပးမသုံးဘဲ ေရာဂါတိုက္ထုတ္ခဲ့တဲ့ နည္းလမ္းေတြကို စိတ္ဓာတ္က်ေနတဲ့ ျပည္သူေတြသိရွိေအာင္ ​ဘုန္းဘုန္းကေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ ဘဏ္တကာလွည့္ပတ္သြားေနတဲ့ ေယာက္ဖျဖစ္သူဆီကေန အသက္(၇၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မယ္ေတာ္နဲ႔ အသက္(၇၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ခမည္းေတာ္တို႔ေရာဂါကူးစက္ခံရတာျဖစ္ၿပီး အမ်ိဳးေတြဆီကိုပါ ကိုဗစ္ကူးစက္ခံခဲ့ရတာျဖစ္ေၾကာင္း ဖြင့္ဟထားပါတယ္။

မယ္ေတာ္အပါအဝင္ ကိုဗစ္ကူးစက္ခံရတဲ့ တစ္မ်ိဳးလုံးတစ္ေဆြလုံးကို ဘုန္းႀကီးေက်ာင္းအကုန္ေခၚၿပီးကုသေပးခဲ့ပါတယ္။ ေအာက္ဆီဂ်င္စက္ရွိေပမယ့္ (၈၅)အထိက်ေနတဲ့ ခမည္းေတာ္ျဖစ္သူကို ေအာက္ဆီဂ်င္လုံးဝေပးမရႉခိုင္းဘဲ ၿငိမ္ၿငိမ္ေနခိုင္းၿပီး အသက္ရႉေလ့က်င့္ခန္းေတြျပဳလုပ္ေပးခဲ့ပါတယ္။ အာဟာရရွိေအာင္ အမ်ိဳးမ်ိဳးခ်က္ျပဳတ္ေကြၽးေမြးခဲ့သလို ကြမ္း႐ြက္ရည္ညႇစ္တိုက္တာ၊ၾကက္ဥ ပ်ားရည္ ေရွာက္ရည္ ေခါက္ၿပီးေရေႏြးနဲ႔တိုက္တာ၊ ဆားေရေႏြးေငြ႕ရႉခိုင္းတာ၊ဂ်င္းျပဳတ္ရည္တိုက္တာ၊ဆရာ၀န္ၫႊန္တဲ့ေဆးတိုက္တာေတြ ျပဳလုပ္ေပးခဲ့ပါတယ္။

ေအာက္စီဂ်င္ေပးလို႔တက္တာနဲ႔စာရင္ ေလ့က်င့္ခန္း ၊အာဟာရေၾကာင့္ ေအာက္ဆီဂ်င္ျပန္တက္လာတာကို လက္ေတြ႕သိခဲ့ရသလို အမ်ိဳးမ်ိဳးျပဳစုေစာင့္ေရွာက္ေပးမႈေၾကာင့္ ဘုန္းဘုန္းရဲ႕မယ္ေတာ္နဲ႔ခမည္းေတာ္အပါအဝင္ ကိုဗစ္ကူးစက္ခံရတဲ့ လူနာေတြဟာ က်န္းမာေရးျပန္လည္ေကာင္းမြန္လာခဲ့ပါတယ္။ဘုန္းဘုန္းကေတာ့” တကယ္လို႔ ေအာက္စီဂ်င္အားကိုးလိုက္ရင္စေပးတာနဲ႔ လန႔္ၿပီးတစ္၀က္ရႈံးတယ္ အာဟာရထည့္ဖို႔နဲ႔ ေလ့က်င့္ခန္းလုပ္ဖို႔ အားေလွ်ာ့လာရင္ ထပ္ရႈံးတယ္ ေအာက္စီဂ်င္ကုန္တဲ့အခ်ိန္ ရွာမရရင္ လုံးလုံးရႈံးသြားၿပီ ခုေတာ့အဆင္ေျပသြားပါၿပီ အားလုံးေကာင္းပါၿပီ “ဆိုၿပီး ေရးသားထားခဲ့ပါတယ္။

Source : Original Uploder

unicode

ကိုဗစ်ရောဂါကူးစက်ခံရပေမယ့်လည်း မိသားစုဝင်တွေရဲ့ပြုစုမှု၊ စိတ်ဓာတ်မကျမှုတွေကြောင့် ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့ ပြည်သူတွေလည်း အများအပြားရှိပါတယ်။ ယခုမှာတော့ ဆရာတော်တစ်ပါးဟာ ခမည်းတော်နဲ့မယ်တော်အပြင် အမျိုးတွေပါ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာကြောင့် ကိုယ်တိုင်စီမံပြီး ရောဂါပျောက်ကင်းအောင် လုပ်ဆောင်ပေးခဲ့ရပုံကို ပြောပြလာခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့ အမျိုးတွေကို အောက်ဆီဂျင်စက်လုံးဝပေးမသုံးဘဲ ရောဂါတိုက်ထုတ်ခဲ့တဲ့ နည်းလမ်းတွေကို စိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေသိရှိအောင် ဘုန်းဘုန်းကပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ဘဏ်တကာလှည့်ပတ်သွားနေတဲ့ ယောက်ဖဖြစ်သူဆီကနေ အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မယ်တော်နဲ့ အသက်(၇၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခမည်းတော်တို့ရောဂါကူးစက်ခံရတာဖြစ်ပြီး အမျိုးတွေဆီကိုပါ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။

မယ်တော်အပါအဝင် ကိုဗစ်ကူးစက်ခံရတဲ့ တစ်မျိုးလုံးတစ်ဆွေလုံးကို ဘုန်းကြီးကျောင်းအကုန်ခေါ်ပြီးကုသပေးခဲ့ပါတယ်။ အောက်ဆီဂျင်စက်ရှိပေမယ့် (၈၅)အထိကျနေတဲ့ ခမည်းတော်ဖြစ်သူကို အောက်ဆီဂျင်လုံးဝပေးမရှူခိုင်းဘဲ ငြိမ်ငြိမ်နေခိုင်းပြီး အသက်ရှူလေ့ကျင့်ခန်းတွေပြုလုပ်ပေးခဲ့ပါတယ်။ အာဟာရရှိအောင် အမျိုးမျိုးချက်ပြုတ်ကျွေးမွေးခဲ့သလို ကွမ်းရွက်ရည်ညှစ်တိုက်တာ၊ကြက်ဥ ပျားရည် ရှောက်ရည် ခေါက်ပြီးရေနွေးနဲ့တိုက်တာ၊ ဆားရေနွေးငွေ့ရှူခိုင်းတာ၊ဂျင်းပြုတ်ရည်တိုက်တာ၊ဆရာဝန်ညွှန်တဲ့ဆေးတိုက်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

အောက်စီဂျင်ပေးလို့တက်တာနဲ့စာရင် လေ့ကျင့်ခန်း ၊အာဟာရကြောင့် အောက်ဆီဂျင်ပြန်တက်လာတာကို လက်တွေ့သိခဲ့ရသလို အမျိုးမျိုးပြုစုစောင့်ရှောက်ပေးမှုကြောင့် ဘုန်းဘုန်းရဲ့မယ်တော်နဲ့ခမည်းတော်အပါအဝင် ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ဘုန်းဘုန်းကတော့” တကယ်လို့ အောက်စီဂျင်အားကိုးလိုက်ရင်စပေးတာနဲ့ လန့်ပြီးတစ်ဝက်ရှုံးတယ် အာဟာရထည့်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အားလျှော့လာရင် ထပ်ရှုံးတယ် အောက်စီဂျင်ကုန်တဲ့အချိန် ရှာမရရင် လုံးလုံးရှုံးသွားပြီ ခုတော့အဆင်ပြေသွားပါပြီ အားလုံးကောင်းပါပြီ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source : Original Uploder

Add a Comment

Your email address will not be published. Required fields are marked *