ကြုံတွေ့နေရတဲ့ကပ်ဆိုးကြီးတွေကို ကျော်လွှားနိုင် ဖို့အတွက် ပြုလုပ်သင့် တဲ့ အချက်လေးတွေ ကိုမျှဝေ လာ တဲ့ ဖြိုးမြတ်အောင်

အဆိုတော်ဖြိုးမြတ်အောင်ကတော့ Myanmar Idol ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကိုလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ အခုလတ်တလောမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ တစ်မျိုးပြီးတစ်မျိုးအခြေအနေဆိုးရွားနေပြီး ပြည်သူတွေထောင်နဲ့ချီကာ သေဆုံးနေကြရပါတယ်

အခုလိုကပ်ဆိုးတွေနဲ့ ကြုံတွေ့နေကြရတဲ့အတွက် ဖြိုးမြတ်အောင်ဟာ သူသိသမျှနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလာပါတယ်။

ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “ဘုရားမှာကြာဇံကြော် ကပ်လှူပါသစ်သီး(၃)မျိုးလှူပါ ပိန်းရိုးချဉ်ဟင်းကပ်ပါ

ပြောင်းဖူးဘယာကြော် ၂၁ချပ်ဘုရားလှူပါ

အိမ်၉အိမ်ကိုမုန့်ဆီကြော်၃ချပ်ဆီလှူပေးပါ

ကံ့ကော်ညွှန့်၄၇ညွှန့်ဘုရားမှာကပ်ကြပါ

ကပ်တွေမပြီးသေးပါဘူးရေကြီး တောင်ပြို ကန်ပြိုများကျန်ပါသေးသည် သဘာဝကလှောင်ပြောင်ပါလိမ့်မည်ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား ကျန်တဲ့ငါး ဘုရားကယ်ပါမည်။

ဘုရားဂုဏ်တေိာတရားဂုဏ်တော် သံဃာဂုဏ်တော်များများပွါး၍ ကံသုံးပါးလုံအောင်စောင့်ထိန်းကြပါ အားလုံးညီညာစွာကံကိုလုံအောင်စောင့်ထိန်းမှကပ်ကြီးအပြီးထွက်သွားပါလိမ့်မည်မမြင်အပ်တဲ့ပြိတ္တာတွေ နေ့တိုင်းပြေးလွှားနေကြတယ်လူစားလဲနေကြပါတယ်

ဒီကပ်ထဲကိုမပါအောင်ကံကိုလုံအောင်ထိန်းကြပါအိမ်ရဲ့ခြံပေါက်မှာ မှန်အဝိုင်းချိတ်ဆွဲထားပါ…..။မိစ္ဆာတွေရှောင်သွားပါလိမ့်မည်ညဘက်အပြင်ကို သိပ်ပြီးတော့မထွက်ကြပါနဲ့မဖြစ်မနေသွားပါက ကန်စွန်းညွှန့်တစ်ညွှန့်စောင်ပြီးသွားကြပါခရီးသွားလျှင်လည်းစောင်သွားလို့ရပါသည် အိပ်ယာဝင်တိုင်းမေတ္တာပို့ပါ

*မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ*

*သုံးလီကပ်ကြီးလွတ်မြောက်ပါစေ*

*ရောဂါဘေးဆိုးကြီးဝေးပါစေ*

*သောကခပ်သိမ်းငြိမ်းကြပါစေ

*ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ*

*ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ*

လူတိုင်းလူတိုင်း မေတ္တာတရား ပွါးကြပါ

မဟာပထဝီမြေကြီးမှာ ဝါးကိုကြက်ခြေခတ် ဝါးပေါ်မှာအလင်းတိုင်၅တိုင်ထွန်းမေတ္တာပို့ပါပို့ရမှာက*ကြီးနိုင်ငယ်ညှင်းကင်းကြပါစေသမ္မာဒေဝနတ်မြတ်နတ်ကောင်း စောင်မပါစေ

စီးပွါးတိုးလာဘ်မိုးရွာပါစေ ၃၁ဘုံသတ္တဝါဆုံကျွတ်တန်းဝင်ကြပါစေ အောင်ပါစေ/အောင်ပါစေ/အောင်ကြပါစေ (၉)ခေါက်….” ဆိုပြီး နည်းလမ်းလေးတွေ မျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Phyo Myat Aung’s Facebook acc

Crd-myanmarload

Add a Comment

Your email address will not be published. Required fields are marked *