စကစ အတွက် ရှေ့ဆက်ဘယ်လိုမှ မဖြစ်နိုင် . . .အမေရိကန် လက်မ ခံရင် ဘယ်သူ အုပ်ချုပ် လို့ ရ မလဲ.???

အစ္စရေးတို့ အာရပ်နိုင်ငံတွေကြားနေတယ် သူ့အန္တရယ် ရှိတယ်ထင်ရင် ဘယ်နိုင်ငံဖြစ်ဖြစ် ဗုံးဝင်ကြဲတယ် ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အိမ်ရာဆောက်တယ် ဘယ်သူမှမပြောရဲဘူး

ပါလက်စတိုင်းကလာပစ်ရင် ပါလက်စတိုင်းထဲဝင်ဗုံးကြဲတယ် ဘယ် UNကမှ သောက်သံမဟရဲဘူး… အစ္စရေးနောက်မှာ USရှိတယ်လေ မွတ်ဆလင်ဘာသာ ခရစ်ယာန်ဘာသာ ဂျူးဘာသာ

အထွဋ်အမြတ်ထားရာ နယ်မြေပိုင်ဆိုင်မူ့အတွက် အငြင်းပွားနေတဲ့ဂျေရုဆလင်ကို မြို့တော် လုပ်တယ် ချက်ချင်း အမေရိကန်သံရုံးက ဂျေရုဆလင်ပြောင်းတယ် ဘယ်ကောင်မှ မဟရဲဘူး

အမေရိကန် မဟာမိတ်နိုင်ငံတွေ ကမ္ဘာမှာဘာလုပ်လုပ် ဘာပြသနာမှမရှိဘူး တရုတ်ကဝင်ရူပ်လို့ကတော့ သေပြီသာမှတ် အခုတောင် ဘာမှမဆိုင်တဲ့ဆီးရီးယားကို ဝင်ဝင်သမနေတာ

မြန်မာပြည်ကို အမေရိကန်တို့ ကြည့်လာတာကြာပြီသန်းရွှေလက်ထက်က တရုတ်က ဒေါက်တိုင်ပေး

ထားချိန် အမေရိကန် တရုတ်ပြေလည်ချိန်ဆိုတော့ဆက်ရှင်တွေသာချတယ် စစ်အစိုးရပြုတ်ကျသည်ထိမဖြစ်ခဲ့ဘူး အခုတော့မရတော့ဘူး တရုတ်နဲ့အမေရိကန်လဲ အစာမကြေဖြစ်ပြီ

ရိုအရေးတုန်းက အမေရိကန်သာ ထပြီးပွဲဆူရင်ဘူးသီးတောင် မောင်းတောဟာ ရိုနိုင်ငံဖြစ်နေပြီ .. ထရန့်ကြီး မသိချင်ယောင်ဆောင်နေလို့သာ ဘာမှမဖြစ်ခဲ့တာ

၂၀၁၉ ဇူလိုင်မှာ မြန်မာကို အမေရိကန်က Friendy country စာရင်းသွင်းခဲ့တယ် မဟာမိတ်စာချုပ်ချုပ်ဖို့ ဟိုမြေယိုးတွေကြောင့် မဖြစ်ခဲ့ဘူး သူတို့ကတရုတ်သြဇာခံတွေ အခုမြန်မာအရေးမှာ အမေရိကန်

ဒေါက်တိုင်ပေးထားလို့ UN တို့ အာစီယံတို့လိုက်အော်နေကြတာ အမေရိကန်သာ မသိချင်ယောင်ဆောင်နေရင် မအလတို့ လက်ခမောင်းထခပ်ပြီ

မအလတို့ထင်တာက ဖိအားနည်းနည်းရှိမယ် တရုတ်ကကာကွယ်မယ် ရုရှက ကူပေးမယ် ထင်တာ တကယ်တမ်းပြည်တွင်းတုန့်ပြန်မူ့အားနဲ့ NUG ကို US က ဒေါက်တိုင်ပြုလိုက်တော့ မအလတို့ ယိုင်ကိုဆင်းတော့တာပဲ

အခုလဲ စက်တင်ဘာ UN ညီလာခံမှာ ဦးကျော်မိုးထွန်းပဲ UN သံအမတ်ဖြစ်မှာ ကျိန်းသေတယ် စကစ ခန့်သူကို သံအမတ်ပေးလိုက်ရင် US ရော UNပါမြောင်းထဲရောက်သွားမယ်

UN EU တို့ကလဲ NUG နဲ့ဆွေးနွေးလိုက် လိုအပ်တာကူညီလိုက် USက စကစကိုလုံးဝအသိအမှတ်မပြုအုပ်ချုပ်ခွင့်မရစေရဘူးဆိုတော့ ပထွေးတရုတ်ကတောင် စကစကိုပေါ်ပေါ်တင်တင်မထောက်ခံရဲဘူး

မင်းအောင်လိုင်က အိမ်စောင့်အစိုးရဆိုပြီး ထလုပ်ပြီး သူအာဏာဆက်ကိုင်ထားဖို့လုပ်တော့ USက နိုင်ငံခြားရေး ဒုဝန်ကြီးကိုယ်တိုင် NUGက ဒေါ်ဇင်မာအောင်နဲ့တွေ့ဆွေးနွေးလာတယ် ဒါဟာ စကစ အတွက် ရှေ့ဆက်ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာပြသလို မအလတို့အုပ်စု အခြေတည်မရဘူးဆိုတာ သိသာစေတာပါပဲ

ရှေ့လျှောက်လဲ အမေရိကန်ရဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ မအလ တို့နိဂုံးဟာ မကြာခင်အဆုံးသတ် သွားတော့မှာပါလို့ ပြောချင်ပါတယ်ဗျာ

မုဆိုး လက်

Add a Comment

Your email address will not be published.