ဘယ်နေရာရောက်ရောက် တော်လှ န်တိုက်ပွဲဝင်သွား မှာဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြ လိုက် တဲ့ မေဦးတို့ ချစ်သူနှစ်ဦး

မနေ့ကတော့ (၈၈၈၈) အရေးတော်ပုံနှစ်ပတ်လည်နေ့ အာဏာရှင်လူတစ်စုအား ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို အနယ်နယ် အရပ်ရပ်တွင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒမပြနိုင်ကြတဲ့ ပြည်သူတွေကလည်း လူမှုကွန်ယက်များတွင် ” #၈၈ကသွေး ကြွေးဟောင်း_၂၁မှာအပြီးတောင်း၊ #သွေးကြွေးဆပ်မယ့်_မျိုးဆက်သစ်ရှစ်ရက်ရှစ်လ၂၁၊ #8888MemoirStrike ၊ #အရေးတော်ပုံ_အောင်ရမည်” စတဲ့ ခေါင်းစဉ်များဖြင့်ရေးသားပြီး photo Campaign တစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မေဦးနဲ့ ဟန်လင်းတို့ရဲ့ လူမှုကွန်ယက်များတွင်လည်း ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပုံနှင့်တကွ သက်သေပြလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်ရှိနေပေမယ့်လည်း တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်အားဖြည့်ပေးနေကြတာကို ဂုဏ်ယူစွာဖြင့် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက်လည်း အလှူငွေများ ကောက်ခံပေးပြီး လိုအပ်တဲ့ နေရာမှန်သမျှ ကူညီဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။

ပြည်သူများကလည်း အခုချိန်ထိ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေကြတဲ့ မေဦးတို့ ချစ်သူနှစ်ဦးအတွက်ဂုဏ်ယူနေကြတာ ဖြစ်ပြီး ကျန်းမာရေးဂရုစိုက်ကြဖို့ကိုလည်း အထပ်ထပ်မှာကြားနေတာ ဖြစ်ပါတယ်။ အစစအရာရာပြည့်စုံနေပေမယ့် လည်း အဆုံးထိ ကိုယ်ကျိုး စွန့် ပြီး တိုက်ပွဲဝင်နေကြသူတိုင်းဟာ တကယ်ကို လေးစားစရာကောင်းလွန်းကြသူတွေ ဖြစ်ပါတယ်။ တောထဲမှာ ခက်ခဲပင်ပန်းမှုတွေကို အံတုပြီး အရေးတော်ပုံအောင်မြင်ဖို့ ကြိုးစားပေးကြသူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s and Han Lin’s Facebook page

Add a Comment

Your email address will not be published. Required fields are marked *