ဘေးလွတ်ရာကို ပုန်းရှောင်နေရ တဲ့ ကာလ မှာ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရ ကြောင်းပြောပြလာတဲ့ ရတနာဗိုလ်

ပရိသတ်ကြီးရေ မင်းသမီး ရတနာဗို ကိုတော့ အထူးအထွေ ဟိတံဆက် ပေးစရာ မလိုအောင် ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်ဓဒီက နေ့မှာတော့ ရတနာဗိုက သူ ကိုဗစ် ရေါ ကူးစကွ ခံစားရစဉ်က အြဖစ်အပျက် တွေကို အခုလိုပဲ ပြောလာခဲ့ပါတယ်။ စိတ်ဓါတ်တွေအရမ်းကျခဲ့ရတဲ့ (14)ရက် မိသားစုနဲ့အဝေး

မှာနေရလို့ နာမကျန်းဖြစ်တဲ့အခါအရမ်းကို စိတ်အားငယ်ရပါတယ် ပုန်းရှောင်နေရတဲ့ကာလ ဆိုတော့တော်တ်ာကြီးအားတင်းထားရတယ် ငိုခဲ့ရတဲ့နေ့တွေလဲအများကြီးပါ ကိုဗစ်ဖြစ်တဲ့အချိန်မှာ စိတ်ဓါတ်မကျဖို့ တကယ်ကိုအရေးကြီးတာပါ။အရမ်းဂရုစိုက်ပြီးနေ တာတောင် ကိုဗစ်ကဖြစ်ပါသေးတယ်မနက္မိုးလ

င်းတာနဲ့ကိုဗစ်နဲ့ကျမ တိုင်ပတ်ချက်ကတော့ တစ်နေကုန်ကိုမအားတာပ မနက္စာကအစ တစ်နေကုန်စားဖို့ဟိုဟာလေးထချက်ရ ဒီဟာလေးထချက်ရ ဘာစားစား စားလို့လဲမကောင်း ကိုယ်ချက်တာလဲလက်ရာမေကာင်းတော့ ပိုဆိုးပါတယ်။

အစားစားချင်စိတ်လုံးဝမရှိ မကောင်းလဲဝင်အောင်စားရမယ်ဆိုတဲ့စိတ်နဲ့ မျိုချရနွးငွေ့ရှူရ လေ့ကျင့်ခန်းလေးပြေးလုပ်ရ ရေနွေးတွေသောက်ရ ဂျင်းပြုတ်ရေသောက်ရ တစ်နေ့ကိုရေ (4)လီတာပြည့်အောင်လဲသောက်ရသေး တစ်နေကုန် သောက်လိုက် ပေါက်လိုက်ပ

ကျမ မနားရဖူးကိုဗစ်ဖြစ်တဲ့သူက တစ်နေကုန် အခန်းထဲနေ လှဲနေနားနေရပါမယ်ဆိုမှ ကိုယ့်ဒုက္ခနဲ့ကိုယ် မအားရဖူး လုပ်ပေးကိုင်ပေးမယ့်သူမရှိတော့ ကိုယ်တိုင်အကုန်ထလုပ်ရတယ် တော်သေးတယ်လုပ်နိုင်ကိုင်နိုင်လို့။ရှောင်ပြေးလာတုန်းကအင်္ကျီအဟောင်း 5ထည်ပဲပါတယ် နေ့တိုင်း ချွေးတွေအရမ်းထွက်တော့တစ်နေ့ကိုအင်္ကျီ 3ထည်လောက်လဲရပါတယ် တစ်နေ့တစ်နေ့ဒါဝတ်ဒါလျှော်နဲ့အလုပ်ကိုရှုပ်နေရော

တစ်ချို့က်တွေဆို အိမ်သာတတ်ပြီးချိန်နဲ့ ကိုယ်တိုင်ဟိုဟာလေးထချက် ဒီဟာလေးထလုပ်နေရင်း လူကချက်ချင်းအားနည်းလာပြီးခွေကျချင်တဲ့အထိဖြစ်ဖူးတယ် အိပ်ယာထဲပြန်လှဲနေပြီးအသက်ရှူလေ့ကျင့်ခန်းလေးလုပ်လိုက်မှ မောတာခံသာတာ အရမ်းလဲမောပါတယ် ချွဲကလဲဘာလိုထုတ်ထုတ်မကျပါ အမြဲလည်ပင်းမှာတစ်စို့လေးကျမနေ့တိုင်း လိုလို မှောက်အိပ်ဖြစ်ပါတယ်။

မိန်းကလေးတွေ Period လာချိန်ပိုဂရုစိုက်စေချင်တယ် အဲ့အချိန်ရေချိုးမမှားဖို့ ခေါင်းလျှော်မမှားဖို့အရေးကြီ
းပါတယ် ကျမအပါအဝင် သူငယ်ချင်းတော်တော်များများ Period အချိန်မှာ ကိုဗစ်ဖြစ်ကြလို့ပါ

လူငယ်တွေကေတာ့ 14ရက်ဆိုတာခံနိုင်ရည်ရှိတယ်ဆိုပေမယ့် အဲ့14ရက်ကတော့ Mentally တော်တော်ကိုထိပါတယ် ကိုဗစ်ဖြစ်တဲ့သူတို
င်းကိုယ့်ကြောင့်သူများကူးပါစေဆိုတဲ့စိတ် ဘယ်သူမှမရှိကြပါဖူး အဲ့ဒါကြောင့်ကိုဗစ်ဖြစ်တဲ့သူတွေကိုအားပေးဖို့လိုပါတယ် ။ကိုဗစ်ဖြစ်တဲ့အချိန် Oxygen မရှူခဲ့ရ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ကိုယ့်ကိုကိုယ်လဲ ကျေးဇူးတင်မိပါတယ်

ကျမအခု (21)ရက်ပြည့်ပါပြီ မောတာနဲ့ချွဲလေးနဲနဲကျန်သလိုဖြစ်တာပဲ ရှိပါတော့တယ်ကိုယ်တိုင်ကိုဗစ်ကိုအနိုင်တိုက်ထုတ်နေရချိန်မှာ လိုအပ်တဲ့ဆေးတွေအကုန်ရှာဝယ်ပေးတဲ့ ကိုရှမ်း အဝေးကနေဖုန်းနဲ့ညွှန်ကြားပေးတဲ့ မန်းလေးကဆရာမလေး အားပေးစကားပြောကြတဲ့သူငယ်ချင်းတွေ မိတ်ကောင်းဆွေကောင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော

ဒီချိန်မှာ ကျမအရမ်းကံကောင်းပါတယ် ကျမကို ခင်တဲ့ ချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်ကျမအရမ်းကံကောင်းပါတယ် ကျမဘေးမှာ အစစ်အမှန်ပေးတဲ့သူတွေသာရှိတယ်ကျမအရမ်းကံကောင်းပါတယ် ဒုက္ခရောက်တိုင်းကူညီပေးတဲ့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းကောင်းတွေအများကြီးရှိတယ်

ကျမအရမ်းကံကောင်းပါတယ် ဖြစ်လာသမျှပြသနာတိုင်းကိုရင်ဆိုင်နိုင်ဿတဲ့အင်အားအပြည့်ရှိတဲ့ ကျမမှာကျမ ရှိတယ်ကျမရဲ့ မိတ်ကောင်းဆွေကောင်းသူငယ်ချင်းတွေအားလုံးကိုလဲ အရမ်းကျေးဇူးတင်တယ် ကျေးဇူးဘယ်တော့မှမမေ့ပါဖူးအားလုံး
လဲစိတ်ဓါတ်မကျပါနဲ့နော် ဒီကာလမှာ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကိုပဲများများတွေးပေးပါ

မပျော်ပေမယ့်ပျော်အောင်နေကြပါ အားလုံးရောဂါကပ်ဘေးကင်းဝေးကြပါစေရှင့် ပုံကတော့အရင်ကပုံလေးပါ လှနေလို့ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပါပရိသတ်ကြီးလည်း ခွန်အား ရအောင် ရတနာဗဟို ရဲ့ ကိုယ်တွေ့ ကိုဗစ် တိုက်ထုတ်ခဲ့ပုံလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

crd

Add a Comment

Your email address will not be published. Required fields are marked *