ဆန်အိတ်တွေ ဝယ်ယူလှူဒါန်းခဲ့ပေ မယ့် ကိုယ်တိုင်သွားမလှူရ လို့ စိတ်မကောင်းဖြစ်နေ တဲ့ သင်ဇာဝင့်ကျော်
|အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
လက်ရှိအခြေအနေတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးနဲ့ စားဝတ်နေရေးတွေ ခက်ခဲနေကြပြီး ချို့တဲ့နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်..။
သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာဆန်တွေ ဝယ်ယူလှူဒါန်းခဲ့တာ တွေ့ရပါတယ်..။
လိုအပ်နေတဲ့နေရာလေးအတွက် ဆန်အိတ်(၁၀)အိတ် ကို ဝယ်ယူလှူဒါန်းခဲ့ပေမယ့် သူမကိုယ်တိုင်သွားရောက် မလှူနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့အကြောင်းလေးကိုလည်း သင်ဇာဝင့်ကျော်က ပြောပြထားပါသေးတယ်..။
“ဒီနေ့ ဆန်အိတ် ၁၀ အိတ်ကို လိုအပ်တဲ့နေရာလေးတခုရှိနေတယ်ဆိုလို့ တဆင့်ခံလှူဖြစ်ပါတယ် … ကိုယ်တိုင်သွားမလှူရလို့စိတ်တော့မကောင်းပါဘူး
တဆင့်ခံလှူပေးသူကိုလဲကျေးဇူးတင်ပါတယ်ရှင့်
ဆန်အိတ်တွေကိုလဲပုံမှန်ဈေးထက် လျှော့ယူပေးလို့ အန်တီကြူ Kyu Kyu Thin ကိုလဲကျေးဇူးတင်ပါတယ်
ဒီနေ့က ကြီးတာကြီးရက်လည်နေ့မို့
ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှူကိုကြီးတာကြီးသာဓုခေါ်နိုင်ပါစေ 🙏🏼🙏🏼🙏🏼..” ဆိုပြီး ကုသိုလ်အလှူလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။
အခုလို လိုအပ်နေတဲ့ပြည်သူတွေအတွက် တတ်နိုင်သလောက် ဖေးမကူညီနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ အလှူကိုလည်း အားလုံးက ဝမ်းသာစွာ သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
သတင်းအရင်းမြစ်: Thinzar Wint Kyaw’s Fb Acc