မိခင္ မဆုံးပါးခင္ နဲ႔ ဆုံးပါးအၿပီးမွာ မက္ခဲ့တဲ့ တိုက္တိုက္ ဆိုင္ဆိုင္ အိပ္မက္ႏွစ္ခု အေၾကာင္း ကို ေျပာျပလာခဲ့ တဲ့ တင္ဇာေမာ္

ၿပီးခဲ့တဲ့လက ဆုံးပါး သြားခဲ့တဲ့ တင္ဇာေမာ္ရဲ႕မိခင္ျဖစ္သူဟာ မဆုံးပါးခင္မွာ သမီးေလးရဲ႕ အနီးကပ္ျပဳစုေစာင့္ေရွာက္မႈကို အျပည့္အဝရခဲ့ၿပီး ေဝဒနာရဲ႕ႏွိပ္စက္မႈေတြၾကားကေနပဲ ခ်စ္သမီးေလးရဲ႕ ယုယၾကင္နာမႈေတြေၾကာင့္ အျငင္သာဆုံးအေနအထားနဲ႔ ဘဝကူးေျပာင္း သြားခဲ့တာပါ။ အားကိုးရတဲ့ ခ်စ္သမီးေလးကို သားဆယ္ေယာက္နဲ႔ေတာင္ မလဲႏိုင္ဘူးလို႔ အၿမဲတမ္းခ်ီးက်ဴးခဲ့တဲ့ မိခင္ရဲ႕စကားေၾကာင့္ သူမရဲ႕ဘဝမွာ လူျဖစ္ရက်ိဳးနပ္ၿပီလို႔ ခံယူထားေၾကာင္း တင္ဇာေမာ္က ရင္ဖြင့္လာခဲ့ပါတယ္။

ဒီေန႔မွာလည္း မိခင္ မဆုံးပါးခင္မွာ သူမ မက္ခဲ့တဲ့ အိပ္မက္ အေၾကာင္းကို ဖြင့္ေျပာလာခဲ့ပါတယ္။ မိခင္ဆုံးမယ့္ရက္ရဲ႕ မနက္အေစာပိုင္းမွာ လြန္ခဲ့တဲ့ (၁၁) ႏွစ္နဲ႔ (၈) လ အၾကာကဆုံးပါးသြားခဲ့တဲ့ ဖခင္ျဖစ္သူကိုအိပ္မက္ေတြမက္ခဲ့ၿပီး အိပ္မက္မက္တိုင္း စကားမေျပာတဲ့ဖခင္ဟာ သူမကိုထူးထူးဆန္းဆန္း စကားေတြ အမ်ားႀကီးေျပာခဲ့တယ္လို႔ ဆိုပါတယ္။ မိခင္ကြယ္လြန္ၿပီး (၁၂) ရက္အၾကာမွာေတာ့ ဆုံးပါးသြားတဲ့မိခင္ရဲ႕ အႀကိဳက္ဆုံးအစားအစာျဖစ္တဲ့ ပဲျပဳတ္ထမင္းနယ္ကို ခြံ႕ေကြၽးေနတဲ့ပုံစံ အိပ္မက္မက္ေၾကာင္း သူမရဲ႕လူမႈကြန္ယက္မွာ ေရးသားထားခဲ့ပါတယ္။

မိခင္မဆုံးခင္မွာလည္း နားနားကပ္ၿပီး ေျမးေတြရွိတဲ့အဂၤလန္ကို တန္းတန္း မတ္မတ္သြားဖို႔ မွာခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။ လူ႔အခြင့္အေရးအျပည့္အဝရတဲ့ႏိုင္ငံေတြမွာ လူျဖစ္ရတာသိပ္ကိုကံေကာင္းပါတယ္။ ေကာင္းမႈကုသိုလ္ေတြပဲလုပ္ခဲ့တဲ့မိခင္ႀကီးအတြက္ ထပ္ေလာင္း ကုသိုလ္ေလးေတြကို အဂၤလန္မွာေရာ ျမန္မာျပည္မွာပါ အတူတူလုပ္ေပးခဲ့ၿပီး မိခင္ႀကီးတစ္ေယာက္ ေကာင္းမြန္ျမင့္ျမတ္တဲ့ဘုံဘဝေရာက္ေအာင္ အေထာက္အပံ့ေကာင္းေတြ လုပ္ေပးေနၾကဆဲပါပဲ။

Photo Credit – Tin Zar Maw’s FB Acc

unicode

ပြီးခဲ့တဲ့လက ဆုံးပါး သွားခဲ့တဲ့ တင်ဇာမော်ရဲ့မိခင်ဖြစ်သူဟာ မဆုံးပါးခင်မှာ သမီးလေးရဲ့ အနီးကပ်ပြုစုစောင့်ရှောက်မှုကို အပြည့်အဝရခဲ့ပြီး ဝေဒနာရဲ့နှိပ်စက်မှုတွေကြားကနေပဲ ချစ်သမီးလေးရဲ့ ယုယကြင်နာမှုတွေကြောင့် အငြင်သာဆုံးအနေအထားနဲ့ ဘဝကူးပြောင်း သွားခဲ့တာပါ။ အားကိုးရတဲ့ ချစ်သမီးလေးကို သားဆယ်ယောက်နဲ့တောင် မလဲနိုင်ဘူးလို့ အမြဲတမ်းချီးကျူးခဲ့တဲ့ မိခင်ရဲ့စကားကြောင့် သူမရဲ့ဘဝမှာ လူဖြစ်ရကျိုးနပ်ပြီလို့ ခံယူထားကြောင်း တင်ဇာမော်က ရင်ဖွင့်လာခဲ့ပါတယ်။

ဒီနေ့မှာလည်း မိခင် မဆုံးပါးခင်မှာ သူမ မက်ခဲ့တဲ့ အိပ်မက် အကြောင်းကို ဖွင့်ပြောလာခဲ့ပါတယ်။ မိခင်ဆုံးမယ့်ရက်ရဲ့ မနက်အစောပိုင်းမှာ လွန်ခဲ့တဲ့ (၁၁) နှစ်နဲ့ (၈) လ အကြာကဆုံးပါးသွားခဲ့တဲ့ ဖခင်ဖြစ်သူကိုအိပ်မက်တွေမက်ခဲ့ပြီး အိပ်မက်မက်တိုင်း စကားမပြောတဲ့ဖခင်ဟာ သူမကိုထူးထူးဆန်းဆန်း စကားတွေ အများကြီးပြောခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ကွယ်လွန်ပြီး (၁၂) ရက်အကြာမှာတော့ ဆုံးပါးသွားတဲ့မိခင်ရဲ့ အကြိုက်ဆုံးအစားအစာဖြစ်တဲ့ ပဲပြုတ်ထမင်းနယ်ကို ခွံ့ကျွေးနေတဲ့ပုံစံ အိပ်မက်မက်ကြောင်း သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားခဲ့ပါတယ်။

မိခင်မဆုံးခင်မှာလည်း နားနားကပ်ပြီး မြေးတွေရှိတဲ့အင်္ဂလန်ကို တန်းတန်း မတ်မတ်သွားဖို့ မှာခဲ့တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာသိပ်ကိုကံကောင်းပါတယ်။ ကောင်းမှုကုသိုလ်တွေပဲလုပ်ခဲ့တဲ့မိခင်ကြီးအတွက် ထပ်လောင်း ကုသိုလ်လေးတွေကို အင်္ဂလန်မှာရော မြန်မာပြည်မှာပါ အတူတူလုပ်ပေးခဲ့ပြီး မိခင်ကြီးတစ်ယောက် ကောင်းမွန်မြင့်မြတ်တဲ့ဘုံဘဝရောက်အောင် အထောက်အပံ့ကောင်းတွေ လုပ်ပေးနေကြဆဲပါပဲ။

Photo Credit – Tin Zar Maw’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *