သူမရဲ့ချွေးနည်းစာလေးတွေနဲ့ နှစ်ရှည်လများစုဆောင်းပြီးဝယ်ထားတဲ့ အိမ်လေးမှာမနေလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ ခေးဆက်သွင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ခေးဆက်သွင်ဟာ ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် ရှောင်နေရသူတစ်ယောက်ပါပဲနော်။ စစ်ကောင်စီမှ အမှုဖွင့်ရုတ်သိမ်းပေးတဲ့ အထဲမှာလည်း မပါဝင်သေးတာကြောင့် လုံခြုံတဲ့တစ်နေရာမှာ ပုန်းခိုနေ ပါတယ်နော်။

ခေးဆက်သွင်ဟာ အနုပညာလောကမှာ နာမည်ပျက်မရှိဘဲ ဂုဏ်သတင်းမွှေးပျံ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်နော်။ စုဆောင်းရှာဖွေထားတဲ့ ငွေများကိုလည်း အဖက်တင်အောင် အိမ်ခြံတွေ ဝယ်ယူထားလေ့ရှိပါတယ်နော်။အာဏာမသိမ်းခင်ကာလတုန်းက သူမနေထိုင်တဲ့ ကွန်ဒိုအခန်းကနေ ကျယ်ဝန်းတဲ့ အိမ်လေး တစ်လုံး ဝယ်ယူပြီးစိတ်တိုင်းကျ ပြင်ဆင်ခဲ့ပါတယ်နော်။

စိတ်ကြိုက် ပြင်ဆင်ပြီးခါမှ အာဏာသိမ်းမှုဖြစ်သွားပြီး ကိုယ်တိုင်လည်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့်ထွက်ပြေးသွားရတာကြောင့် အိမ်အသစ်လေးမှာ စိတ်အေးချမ်းစွာ မနေခဲ့ရပါဘူးနော်။ ခေးဆက်သွင်ဟာ ချွေးနဲစာဖြင့် ဆောက်ထားပြီး အိမ်တက်တောင် မလုပ်ရသေးတဲ့ သူမရဲ့ အသစ်စက်စက် အိမ်သစ်လေးကို လွမ်းနေကြောင်းဝန်ခံထားပါတယ်နော်။

Credit

Add a Comment

Your email address will not be published.