ျပန္လည္သက္သာလာခဲ့တဲ့ ကိုဗစ္လူနာေတြ အတြက္ ဆက္လုပ္ေပးသင့္တဲ့အရာမ်ားကို ျပန္လည္မွ်ေဝေပးလာတဲ့ ေဝဠဳေက်ာ္

ျမန္မာႏိုင္ငံမွာ တစ္ေက်ာ့ျပန္ျဖစ္ပြားလာခဲ့တဲ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါကို ျပည္သူေတြဟာ ဆိုး႐ြားစြာ ခံစားခဲ့ရပါတယ္။ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ကလည္း အရင္ကိုဗစ္လႈိင္းေတြထက္ သိသိသာသာျမင့္တက္လာခဲ့ပါတယ္။ ကိုဗစ္ေရာဂါခံစားေနရတဲ့ လူနာအမ်ားစုကေတာ့ ေအာက္ဆီဂ်င္ ႐ုတ္တရက္ ထိုးက်သြားတတ္ၿပီး အသက္ရႉၾကပ္ျခင္း၊ ေမာပန္းျခင္းျဖစ္ရာကေန တစ္ခါတေလ အသက္ေသဆုံးသြားၾကတာကို စိတ္မေကာင္းစြာ ေတြ႕ျမင္ေနရပါတယ္။

ေသဆုံးသူအမ်ားစုကေတာ့ အသက္အ႐ြယ္ႀကီးသူေတြနဲ႔ ေရာဂါအခံရွိတဲ့သူေတြပဲ ျဖစ္ပါတယ္။ ကိုဗစ္ေရာဂါကူးစက္ခံရင္လည္း အဓိကအားျဖင့္က်န္းမာေရး အသိပညာရွင္ေတြရဲ႕ လမ္းၫႊန္ခ်က္မ်ားျဖစ္တဲ့ ေဆာင္ရန္ေရွာင္ရန္ေတြကို တိက်စြာလိုက္နာၿပီး ဂ႐ုတစိုက္ကုသရန္လည္း အထူးလိုအပ္လွပါတယ္။ လတ္တေလာမွာ ကိုဗစ္ေရာဂါခံစားေနရတဲ့ လူနာေတြဟာ ေနအိမ္ေတြမွာ ကုသေနၾကရတဲ့အတြက္ ဆရာဝန္မ်ားနဲ႔ က်န္းမာေရးအသိပညာရွိတဲ့ သူေတြကလည္း လူမႈကြန္ယက္ကေန နည္းလမ္းေကာင္းေတြကို ျပန္လည္မွ်ေဝေပးၾကပါတယ္။

ယခုမွာလည္း ပရဟိတမင္းသားႀကီးလို႔ အမ်ားကေခၚၾကတဲ့ ေဝဠဳေက်ာ္ကေတာ့ သူ႔ရဲ႕ လူမႈကြန္ယက္မွာ ကိုဗစ္ေရာဂါခံစားခဲ့ရၿပီး ျပန္လည္က်န္းမာစျပဳလာတဲ့ လူနာေတြအတြက္ ေနာက္ထပ္အနည္းဆုံး (၂)ပတ္ကေန (၄)ပတ္ထိ ဆက္လုပ္ေပးသင့္တဲ့အရာမ်ားကို ျပန္လည္မွ်ေဝလာခဲ့ပါတယ္။ လက္ရွိမွာ အမ်ားဆုံးေတြ႕ေနရတာကေတာ့ ကိုဗစ္ေရာဂါခံစားခဲ့ရၿပီး ျပန္ေကာင္းလာခဲ့တဲ့ လူနာေတြဟာ သတိထားျခင္းမရွိဘဲ လူေကာင္းေတြလို လႈပ္ရွားသြားလာေနၾကတာ ျဖစ္ပါတယ္။ တခ်ိဳ႕ဆိုရင္ ျပန္ေကာင္းလာတာနဲ႔ တၿပိဳင္တည္း အျပင္းအထန္လႈပ္ရွားခဲ့လို႔ ႐ုတ္တရက္ ေသဆုံးသြားခဲ့ၾကတာ ရွိပါတယ္။ ယခုမွ်ေဝေပးတဲ့ နည္းလမ္းေတြဟာ ျပန္လည္သက္သာလာခဲ့တဲ့ ကိုဗစ္လူနာေတြအတြက္ တကယ့္ကို အက်ိဳးရွိေစမယ့္ နည္းလမ္းေကာင္းေတြပဲ ျဖစ္ပါတယ္။

Photo Credit – Wai Lu Kyaw fb page

unicode

မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါကို ပြည်သူတွေဟာ ဆိုးရွားစွာ ခံစားခဲ့ရပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း အရင်ကိုဗစ်လှိုင်းတွေထက် သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ ကိုဗစ်ရောဂါခံစားနေရတဲ့ လူနာအများစုကတော့ အောက်ဆီဂျင် ရုတ်တရက် ထိုးကျသွားတတ်ပြီး အသက်ရှူကြပ်ခြင်း၊ မောပန်းခြင်းဖြစ်ရာကနေ တစ်ခါတလေ အသက်သေဆုံးသွားကြတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။

သေဆုံးသူအများစုကတော့ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရင်လည်း အဓိကအားဖြင့်ကျန်းမာရေး အသိပညာရှင်တွေရဲ့ လမ်းညွှန်ချက်များဖြစ်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို တိကျစွာလိုက်နာပြီး ဂရုတစိုက်ကုသရန်လည်း အထူးလိုအပ်လှပါတယ်။ လတ်တလောမှာ ကိုဗစ်ရောဂါခံစားနေရတဲ့ လူနာတွေဟာ နေအိမ်တွေမှာ ကုသနေကြရတဲ့အတွက် ဆရာဝန်များနဲ့ ကျန်းမာရေးအသိပညာရှိတဲ့ သူတွေကလည်း လူမှုကွန်ယက်ကနေ နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးကြပါတယ်။

ယခုမှာလည်း ပရဟိတမင်းသားကြီးလို့ အများကခေါ်ကြတဲ့ ဝေဠုကျော်ကတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ ကိုဗစ်ရောဂါခံစားခဲ့ရပြီး ပြန်လည်ကျန်းမာစပြုလာတဲ့ လူနာတွေအတွက် နောက်ထပ်အနည်းဆုံး (၂)ပတ်ကနေ (၄)ပတ်ထိ ဆက်လုပ်ပေးသင့်တဲ့အရာများကို ပြန်လည်မျှဝေလာခဲ့ပါတယ်။ လက်ရှိမှာ အများဆုံးတွေ့နေရတာကတော့ ကိုဗစ်ရောဂါခံစားခဲ့ရပြီး ပြန်ကောင်းလာခဲ့တဲ့ လူနာတွေဟာ သတိထားခြင်းမရှိဘဲ လူကောင်းတွေလို လှုပ်ရှားသွားလာနေကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် ပြန်ကောင်းလာတာနဲ့ တပြိုင်တည်း အပြင်းအထန်လှုပ်ရှားခဲ့လို့ ရုတ်တရက် သေဆုံးသွားခဲ့ကြတာ ရှိပါတယ်။ ယခုမျှဝေပေးတဲ့ နည်းလမ်းတွေဟာ ပြန်လည်သက်သာလာခဲ့တဲ့ ကိုဗစ်လူနာတွေအတွက် တကယ့်ကို အကျိုးရှိစေမယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit – Wai Lu Kyaw fb page

Add a Comment

Your email address will not be published.