တန်ဖိုးရှိတဲ့ လူငယ် ကြယ်ပွင့်လေးတွေများစွာ ဆုံးရှုံးနေရခြင်း ရဲ့ အဓိက တရားခံ ကို ရဲဝင့်ပြတ်သားစွာ ပြောပြ လိုက် တဲ့ ခင်သဇင်
|အနုပညာလောကမှာ နေရာတစ်ခု ရရှိထားပြီး ပရိသတ်အားပေးချစ်ခင်မှုတွေ နဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ခင်သဇင်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
ခင်သဇင်ကတော့ လတ်တလောအခြေအနေတွေ မှာ အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပြီး အားဖြည့်ကူညီနေတာလည်း ဖြစ်ပါတယ်..။
တော်လှန်ရေးတိုက်ပွဲကြီးမှာ အကြမ်းဖက်မှုတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ကြွေလွှင့်ခဲ့ကြရတဲ့ လူငယ်လေးတွေအတွက် နာကျင်ခံစားနေရပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲဝင့်ပြတ်သားစွာ ပြောလာပါတယ်..။
တန်ဖိုးရှိတဲ့လူငယ် ကြယ်ပွင့်လေးတွေများစွာ အသက်ပေးဆုံးရှုံးနေရခြင်းရဲ့ အဓိကတရားခံကို ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်သားစွာ ပြောပြလာခဲ့ပါတယ်..။
“ယခု ဖြစ်ပျက်နေတဲ့ ကျွန်မတို့ နိုင်ငံရဲ့
တန်ဖိုးရှိတဲ့ လူငယ် ကြယ်ပွင့်လေးတွေ
များစွာ ဆုံးရှုံး နေရခြင်း နဲ့
တပ်မတော် နဲ့ ပြည်သူ
နှစ်ခြမ်း ဗြမ်းဗြမ်းကွဲပြီး
တိုင်းပြည်တူ လူမျိုးတူအချင်းချင်း
သတ်ဖြတ်နေရခြင်းကို
လူသားတစ်ဦး
နိုင်ငံသား တစ်ဦး အနေနဲ့
ဘယ်လိုမှ လက်ခံ၍ မရကြောင်း..
၎င်း ကိစ္စ ဖြစ်ရပ်တွေ အားလုံးရဲ့
အဓိက တရားခံဟာ
လက်ရှိ ခေါင်းဆောင်များ
အသုံးမကျ၍သာ ဖြစ်ကြောင်း…
လက်ရှိ ခေါင်းဆောင်များ အပေါ်တွင်သာ
တာဝန် အပြည့်ရှိကြောင်း
နိုင်ငံသား တစ်ဦး အနေနဲ့
ဝမ်းနည်းစွာ ပြောကြားပါရစေ..
ခင်သဇင် …” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
သူမရဲ့ပို့စ်အောက် မှာတော့ အသက်ပေးလိုက်ရတဲ့ လူငယ်ပြည်သူတွေအတွက် အားလုံးက စိတ်မကောင်းဖြစ်ကြရသလို လက်ရှိမှာ လူတိုင်းကိုယ်စီပူပင်သောကတွေရှိနေကြပေမယ့် ပြည်သူတွေအချင်းချင်း အားပေးစကားတွေလည်း ပြောထားကြတာလည်း တွေ့ရပါတယ်..။
Photo Credit – Khin Thazin’s Fb Acc