ဘုန်းကြီးကျောင်းနဲ့ အိမ်​ထောင်စုပေါင်း ၁၂၀၀ခန့် အတွက် လှူဒါန်းမှုတွေ ပြုလုပ်ပေး ခဲ့တဲ့ ချယ်ရီသင်း

အဆိုတော်ချယ်ရီသင်းကတော့အမိုက်စားအသံပါဝါနဲ့အတူတေးသီချင်းကောင်းများစွာကိုတီဆိုထပြီးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

သူမရဲ့သီချင်းများကလည်း လူငယ်တွေကြားမှာ အရမ်းရေပန်းစားလေ့ ရှိပါတယ်၊ချယ်ရီသင်းက တော်လှန်ရေးကြီးမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့အပြင်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အလှူအတန်းတွေမှာလည်း ရှေ့ဆုံးကနေ ရက်ရက်ရောရောပါဝင် လှူဒါန်းကူညီတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်၊အခုအခါမှာဆိုရင်လည်း..

ပြည်သူချစ်အဆိုတော်ချယ်ရီသင်းက စားဝတ်နေရေး အခက်အခဲဖြစ်ကာ အကူအညီလိုအပ်နေတဲ့အိမ်ခြေပေါင်း၁၂၀၀ခန့်အတွက် လိုအပ်တာတွေသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သူမဟာ မနေ့ကသန်လျင်မြို့ရဲ့အကျော်မှာရှိတဲ့ ကျူးရပ်ကွက်အချို့ရဲ့အိမ်ခြေ၄၃၀စာလှူဒါန်းခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းမှာလည်းဆန်၁အိတ်၊ကြက်သွန်၊အာလူး၊ခရမ်းချဉ်သီးနဲ့ Maskများလှူဒါန်းပြီးရေစက်ချအမျှဝေဖြစ်ခဲ့ပါတယ်၊

အားလုံးရဲ့စုပေါင်းကုသိုလ်အလှူပါပဲတကယ်ပီတိဖြစ်ရပါတယ်၊အိမ်ခြေပေါင်း၁၂၀၀လောက်အတွက် ထမင်းတစ်နပ်စာကိုအားလုံးက လှူဒါန်းပြီးသားဖြစ်သွားပါတယ်။

အားလုံးရဲ့စုပေါင်းအလှူဖြစ်ပါတယ်၊ လှူလိုက်သည်ထက် အဆပေါင်းများစွာပိုသော ငွေတွေဝင်ပါစေ အဆင်ပြေစေ ကျန်းမာကြပါစေလို့ ချယ်ကဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီးတော့

သူမရဲ့လူမှုကွန်ယက် ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားတာကို ပရိသတ်ကြီးများ တွေ့မြင်သာဓုခေါ်နိုင်စေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အားလုံး ဘေးကင်းကျန်းမာကြပါစေ။

Add a Comment

Your email address will not be published. Required fields are marked *