သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကျအောင် ရီပို့ထုနေတဲ့သူတွေ ကို ထိမိတဲ့စကားလုံးတွေနဲ့ ပြန်လည်သရော်လိုက် တဲ့ မင်းမော်ကွန်း

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ

အနုပညာရှင်များစွာကလည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ

တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။

မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး

လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက် အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့

စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း မင်းမော်ကွန်းဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး

လက်ရှိမှာဆိုရင်လည်း လွတ်မြောက်နယ်မြေတ စ်ခုကို ရောက်ရှိနေတာဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ အမှန်တရားဘက်ကနေပြတ်ပြတ်သားသားရပ်တည်တဲ့သူဖြစ်တဲ့အပြင်

ရုပ်ရှင်အ စည်း အ ရုံးကနေ နှုတ်ထွက်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဒါ့ပြင်မင်းမော်ကွန်းဟာ

သူ့ရဲ့ရပ်တည်ချက်တွေနဲ့ သဘောထားကိုပြတ်ပြတ် သားသားပြောလေ့ရှိတာကြောင့် မကြာခဏ acc reportမိနေတာလည်းဖြစ်ပါတယ်။

မကြာသေးမီကလည်း မင်းမော်ကွန်းဟာ ဆရာဇော်ဝေစိုးရဲ့ပို့စ်တစ်ခုကို ရှဲလိုက်မိတာကြောင့်

reportထုခံရပြီး acc ၃ရက်ပိတ်ခံခဲ့ရတာဖြစ် ပါတယ်။ အခုလိုမကြာခဏသူ့ရဲ့ accအား reportထုနေကြတဲ့သူတွေကိုလည်း

မင်းမော်ကွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာကနေ သရော် စာလေးရေးသားခဲ့တာလည်းတွေ့ရပါတယ်။

ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Kyaw Kyaw Htay Lwin’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *