အမြင် တစ်မျိုး ဆန်းသစ်စွာ လှလွန်းနေတဲ့ ALICE ONG ရဲ့ ရင်ခုန် စရာ ဗီဒီယိုလေး

ကိုရီးယားမလေးလား ထင်မှားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ရှမ်း တရုတ်မလေး Alice Ong ကိုတော့ ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။ သူမကတော့ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာပြီး ယခုချိန်မှာတော့ ကြော်ငြာများ ဇာတ်ကားများရိုက်သည်အထိ ပရိတ်သတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားရသူလေးဖြစ်နေပါတယ်။ သူမရဲ့ ချစ်စရာအပြုံးလေးတွေကပဲ ပရိတ်သတ် ရဲ့အချစ်တွေကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာ Miss Asia 2015 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ အလှမယ်လေး တစ်ဦးလည်းဖြစ်ပါတယ်။ကြွေရုပ်လေးလို့ ထင်မှားရောက်လောက်အောင် ဖြူဝင်းလှပနေသူလေးမို့ မိန်းကလေးပရိတ်သတ်အချို့ အားကျချစ်ခင်နေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ဆွဲဆောင်မှု ရှိလွန်းတဲ့ သူမရဲ့ အလှတရား တွေပေါ်လွင်စေတဲ့ မြန်မာဆန်ဆန် ပုံလေးတွေကို ဖေ့ဘွတ် စာမျက်နှာပေါ်တွင် ဖော်ပြထားပါတယ်။အမြဲလို ချစ်စရာဟန်ပန်လေးတွေနဲ့ ပုံရိပ်လေးတွေကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

ချစ်ပရိသတ်ကြီး လည်း Alice Ong ရဲ့ စမတ်ကျကျနဲ့ ချစ်စရာကောင်း တဲ့ ပုံလေးတွေကို ကြည့်ရှုပြီး ကြည်နူးနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ သူမရဲ့ရှေ့ဆက်မဲ့ အနုပညာအလုပ်တွေကိုလည်း အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်းအောင်မြင်မှုတွေ ချစ်ခင်မှုတွေ ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Alice Ong Facebook Account
Dw.shweyoe

Add a Comment

Your email address will not be published.