ဦးကျော်မိုးထွန်းဘက်က ရပ်တည်မည် ဟု ပြောသည့် အမေရိကန်သံအမတ်ကြီး ထိုင်းနိုင်ငံ ဘန်ကောက်ကိုရောက်လာပြီ ဘာတွေထူးနေပြီးလဲ ?

UN အမေရိကန်သံအမတ်ကြီး Linda Thomas Greenfield ဘန်ကောက်ကို ရောက်ရှိနေပါတယ်။

အမေရိကန်က လှူတဲ့ ဖိုင်ဇာကာကွယ်ဆေးထိုးတာတွေကို ကြည့်ရူခဲ့သလို ထိုင်းအစိုးရနဲ့

လူသားချင်းဆိုင်ရာအကူအညီတွေကို ဆွေးနွေးနေတယ်လို့ ဘန်ကောက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

သံအမတ်ကြီးရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက စစ်ဘေးပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ လှူဒါန်းဖို့ ရှိတယ်လို့ သိရပါတယ်။

သံအမတ်ကြီး Linda ဟာ ဦးကျော်မိုးထွန်းဘက်ကရပ်တည်မယ်လို့ ပြောခဲ့သလို အာဏာသိမ်းစကစကလည်း

သူပြောတာကို ကန့်ကွက်ကြောင်း မနေ့က ပဲ သတင်းထုတ်ပြန်ထားပါတယ်။

BNN

Add a Comment

Your email address will not be published. Required fields are marked *