သေရင်တောင် နာရေးလုပ်ပေးမယ့် လူ မရှိ တာ ကိုကြိုသိနေ လို့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြောင်းပြောပြလာတဲ့ ဂျွန်လွင်
|ပရိသတ်ကြီးရေ မော်ဒယ်တို့ရဲ့ မိခင်ကြီး ဂျွန်လွင်ကတော့ အနုပညာရှင်တော်တော်များများရဲ့ ဆရာတစ်ယောက်လို့တော့
လူတိုင်းကသိထားကြပါတယ်နော်.. ဂျွန်လွင်ကတော့ ဖေ့ဘုတ်စာမျက်နှာထက်မှာ တစ်ခါတစ်လေလည်း ပွဲတောင်းလွန်းလို့
သူ့အတွက်ဝေဖန်ခံရမှုဆိုတာကတော့ ရိုးအီနေပါပြီနော်.. ဂျွန်လွင်ကတော့လက်ရှိမြန်မာနိုင်ငံအရေးနဲ့ပက်သက်လို့တော့
ပါးစပ်မပါတဲ့လူတစ်ယောက်လိုဖြစ်နေပါပြီနော်..
နွေဦးတော်လှန်ရေး အစပိုင်းမှာ ရှေ့ဆုံးက ထွက်ပြီးဆန္ဒပြခဲ့သူပါနော်။
သတိပေးခြင်းခံရပြီး နောက်ပိုင်း မှာတော့ တော်လှန်ရေးနဲ့ ပတ်သက်တာမှန်သမျှလုံးဝကို အသံမထွက်တော့ဘဲ
ရေငုံနှုတ်ပိတ်နေနေတာပါနော်။ဖေဖော်ဝါရီလောက်ကလည်း အင်တာဗျူးတစ်ခုတွင် ဒီအခြေအနေတွေကြောင့်ပြည်သူတွေ
ထမင်းငတ်မှာ စိုးတယ်ဆိုကာ ငိုကြီးချက်မနဲ့ ဖြေခဲ့ပါသေးတယ်နော်။ဒရမ်မာတွေ ချိုးခဲ့စဉ်ကတော့
ပရိသတ်တွေက အတော်လေးကို သနားခဲ့ကြပါသေးတယ်နော်။ ဒီနေ့လေးမှာတော့
လက်ရှိကိုဗစ်ပိုးကြောင့် ပြည်သူတွေနေ့ရက်တိုင်း နေရာတိုင်းမှာ အောက်ဆီဂျင်လိုအပ်မှုကြောင့် အသက်တွေသေဆုံးနေတာလည်း မနည်းတော့ပါဘူးနော်.
ဒါ့ကြောင့် ဂျွန်လွင်ကလည်း ဒီနေ့လေးမှာတော့ “ငါမိတ်ဆွေတွေသေတာကိုငါက ဝမ်းနဲကြောင်းရေးရင်းဒီညစဉ်းစားမိတယ်
ငါနေမကောင်းခဲ့ရင်ငါသေဆုံးတဲ့အခါ ဦးဆောင်လုပ်ပေးမည့်သူ ပိုက်ဆံကိုကိုင်ပြီးမြေချအောင်လုပ်ပေးမယ့်
သူငါ့အနားမှာတကယ်တိတိကျတွေးကြည့်တော့ ဘယ်သူမှမရှိပါလားနော်… ငါ့ကြောင့် ..
အောင်မြင်ခဲ့တဲ့သူတွေငါကြောင့်အသက်ရှင်ခဲ့တဲ့သူတွေ… ငါကြောင့်အလင်းတွေ့ခဲ့တဲ့သူတွေ
အဲဒီအချိန်ကျရင်သူတို့မိသားစုတွေနှင့်အချိန်မပေးနိင်တာလဲနားလည်ပေးပါတယ် ငါကိုအားပေးမယ့်သူတွေရှိကြပါတယ် …
facebook ပေါ်မှာ တကယ်လက်တွေ့ကိုစဉ်းစားရင်ငါအတွက်အချိန်တကယ်ပေးပြီးစိတ်နှစ်ကူညီမယ့်သူတကယ်မရှိပါဘဝဆိုတာကိုယ့်
အထုတ်ကိုပြင်ပြီးခရီးဆက်ရတာပါဘုရားရဲ့လက်ထဲက်ုအပ်နံပါတယ်ဘုရားသာအကောင်းဆုံးစီမံပေးမယ်လို့မျော်လင့်ပါတယ် ”
ဆိုပြီးရေးသားထားပါသေးတယ်။ သူရေးထားတဲ့ ပို့စ်အောက်မှာတော့ အကုန်လုံးက အသုဘချပေးမယိ..
စိတ်မပူပါနဲ့ သေဖို့သာအားစိုက်ပါဆိုပြီး အားပေးစကားတွေ ပြောပေးထားကြပါသေးတယ်။
Source: John Lwin