ကျန်းမာရေးမကောင်းနေတဲ့ အပြင် စားဝတ်နေရေးပါ အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးရှောက်ပွင့်ကိုလှူဒါန်းဖို့ အကူအညီတောင်းခံလာ
|ဒီချိန်ကာလတွေမှာ အခြေခံလုပ်သားပြည်သူများကတော့ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ တချို့ပြည်သူတွေဆိုရင်လည်း ဆေးဝါးနဲ့ စားသောက်ဖို့တောင် ခက်ခဲလာလို့ အလံဖြူ၊အလံဝါတွေပြသပြီး အကူအညီတောင်းခံလာကြတာ တွေ့ရပါတယ်။ အကူအညီတောင်းခံလာကြတဲ့ ပြည်သူတွေကိုလည်း လတ်တလောမှာ စေတနာရှင်များက လိုအပ်တာတွေကို ကူညီလှူဒါန်းပေးလာကြတာ တွေ့ရပါတယ်။
စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာကြတဲ့ ပြည်သူတွေထဲမှာ အနုပညာရှင်တချို့လည်း ပါလာခဲ့ပါတယ်။ ယခုအချိန်အခါက နိုင်ငံရေး အခြေအနေတွေနဲ့ ကိုဗစ်ရောဂါကြောင့် အနုပညာအလုပ်တွေကို အားလုံးနီးပါး ရပ်နားထားခဲ့ကြရတာ ဖြစ်ပါတယ်။ ယခုမှာလည်း သက်ကြီး လူရွှင်တော် တစ်ယောက်ဖြစ်တဲ့ ဦးရှောက်ပွင့် ဟာ ကျန်းမာရေးမကောင်းနေတဲ့အပြင် စားဝတ်နေရေးအတွက်ပါ အခက်အခဲဖြစ်နေကြောင်း ကြားသိခဲ့ရပါတယ်။
ဦးရှောက်ပွင့် အခက်အခဲဖြစ်နေတာကို ကူညီလှူဒါန်းပေးဖို့အတွက် လူရွှင်တော် ဖိုးသဲရဲ့ လူမှုကွန်ယက်မှာ စေတနာရှင်များကို ထည့်ဝင်လှူဒါန်းပေးဖို့ အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ်။ လူရွှင်တော်တစ်ယောက်ဖြစ်အောင် သင်ကြားပေးခဲ့တဲ့ ဆရာတစ်ဦးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အကောင်းဆုံးကြိုးစား ကူညီပေးသွားမယ်လို့လည်း ဖိုးသဲက ပြောထားတာ တွေ့ရပါတယ်။ သက်ကြီးလူရွှင်တော် ဦးရှောက်ပွင့်ကို ပရိသတ်တွေလည်း ကူညီလှူဒါန်းချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်မျာအားး ဆက်သွယ်ပြီး လှူဒါန်းလို့ရကြောင်း သိရပါတယ်။
သတင်းအရင်းမြစ်: Source – ဖိုးသဲ fb account