ပရိတ္သတ္ေတြ ဆီ ကဗ်ာေလး တစ္ပုဒ္ ေရးသားေပးပို ႔ခဲ့ တဲ့ ပိုင္တံခြန္
|အဲ့ဒီ့ကဗ်ာေလးကိုေတာ့ ပိုင္တံခြန္ က
“၁၃.၆.၂၀၂၁ ႐ုံးခ်ိန္းတုန္းက သူ႔ေရွ႕ေနကတဆင့္ သူခ်စ္တဲ့ပရိတ္သတ္ႀကီးအတြက္ ရည္႐ြယ္ၿပီး ေရးသြားေပးတဲ့ကဗ်ာေလးျဖစ္ပါတယ္” လို႔ ပိုင္တံခြန္ရဲ႕ ညီမျဖစ္သူက လူမႈကြန္ယက္မွာ ေရးသားမွ်ေဝထားေပးခဲ့ပါတယ္။
ဆိပ္ကမ္းေတြကို တန္ဖိုးထားတတ္တဲ့
ေလွငယ္ေလး တစ္စီးရွိတယ္…
အခုခ်ိန္မွာေတာ့ အဲ့ေလွငယ္ေလးဟာ
သမုဒၵရာထဲ ႐ြက္လႊင့္ေနရရွာတယ္…
ရာသီဥတု နဲ႔ ေရလႈိင္းေတြေၾကာင့္
ဆိပ္ကမ္းပါးေလးေတြ
က်န္းက်န္းမာမာေနေပးဖို႔လဲ
သူေမွ်ာ္လင့္ေနရွာတယ္…..
ဘာျဖစ္ျဖစ္ အခုခ်ိန္မွာ
သမုဒၵရာထဲ ေမ်ာလြင့္ရင္း
ကမ္းကပ္ခဲ့တဲ့ အခ်ိန္ေလးေတြကို
စိတ္လိုလက္ရလြမ္းေနတတ္တဲ့
ကမ္းမျမင္ လမ္းမျမင္
ေလွငယ္ေလးတစ္စီးဟာ
ကြၽန္ေတာ္ကိုယ္တိုင္ပါပဲ…..
လြမ္းတတ္ခဲ့ၿပီဗ်ာ…
ပိုင္တံခြန္
unicode
အဲ့ဒီ့ကဗျာလေးကိုတော့ ပိုင်တံခွန် က
“၁၃.၆.၂၀၂၁ ရုံးချိန်းတုန်းက သူ့ရှေ့နေကတဆင့် သူချစ်တဲ့ပရိတ်သတ်ကြီးအတွက် ရည်ရွယ်ပြီး ရေးသွားပေးတဲ့ကဗျာလေးဖြစ်ပါတယ်” လို့ ပိုင်တံခွန်ရဲ့ ညီမဖြစ်သူက လူမှုကွန်ယက်မှာ ရေးသားမျှဝေထားပေးခဲ့ပါတယ်။
ဆိပ်ကမ်းတွေကို တန်ဖိုးထားတတ်တဲ့
လှေငယ်လေး တစ်စီးရှိတယ်…
အခုချိန်မှာတော့ အဲ့လှေငယ်လေးဟာ
သမုဒ္ဒရာထဲ ရွက်လွှင့်နေရရှာတယ်…
ရာသီဥတု နဲ့ ရေလှိုင်းတွေကြောင့်
ဆိပ်ကမ်းပါးလေးတွေ
ကျန်းကျန်းမာမာနေပေးဖို့လဲ
သူမျှော်လင့်နေရှာတယ်…..
ဘာဖြစ်ဖြစ် အခုချိန်မှာ
သမုဒ္ဒရာထဲ မျောလွင့်ရင်း
ကမ်းကပ်ခဲ့တဲ့ အချိန်လေးတွေကို
စိတ်လိုလက်ရလွမ်းနေတတ်တဲ့
ကမ်းမမြင် လမ်းမမြင်
လှေငယ်လေးတစ်စီးဟာ
ကျွန်တော်ကိုယ်တိုင်ပါပဲ…..
လွမ်းတတ်ခဲ့ပြီဗျာ…
ပိုင်တံခွန်