သတ္တိရှိရှိအသက်စွန့်သွားခဲ့တဲ့ ချစ်ဇနီးရဲ့နောက်ဆုံးခရီးမှာ အဝေးကနေပဲ မီးခိုးငွေ့တွေကို လွမ်းမောတသကြည့်နေခဲ့ ရ တဲ့ ခင်ပွန်း
|ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် (၄၄) လမ်းက ဖြစ်စဉ်မှာ အသက်ဆုံးပါးသွားခဲ့တဲ့ သူရဲကောင်းအမျိုးသမီးရဲ့ ရုပ်ခန္ဓာကို သြဂုတ်လ (၁၁) ရက်နေ့မှာ ခင်ပွန်းဖြစ်သူက သဂြိုလ်ပေးခဲ့ပါတယ်။
ဓာတ်ပုံရိုက်ခွင့်မရှိသလို အရိုးပြာလည်းကောက်ခွင့်မရှိတာကြောင့် ချစ်ဇနီးအတွက် နောက်ဆုံးအနမ်းတွေသာ တဝကြီးပေးပြီး တစ်ဘဝစာနှုတ်ဆက်ခဲ့ရပါတယ်။
ပြန်မဆုံနိုင်တော့တဲ့လမ်းကို ထွက်သွားတဲ့ ချစ်ဇနီးအတွက် ဂုဏ်လည်းယူသလို စိတ်မကောင်းလည်းဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကို အားလုံးကဝိုင်းပြီး အားပေးစကားတွေပြောခဲ့ကြပါတယ်။
နှစ်ယောက်သားရဲ့အမှတ်တရလေးတွေကို နောက်ဆုံးခရီးပုံရိပ်တွေနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်မှာ ရင်ဖွင့်လာခဲ့ပါသေးတယ်။ နှင်းဆီပန်းတွေခဏခဏဝယ်တတ်တဲ့ ချစ်ဇနီးဟာ တကယ်တမ်းမှာတော့ စံပါယ်ပန်းကိုသာနှစ်သက်ကြောင်းသိရတဲ့အချိန်မှာ တအံ့တသြဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
အိမ်ထောင်သက်တွေကြာလာတဲ့အချိန်ထိ ချစ်ဇနီးအပေါ်မှာ မေတ္တာအပြည့်ထားပြီး အမြဲတမ်းခွင့်လွှတ်သည်းခံတတ်တာကြောင့် ပျော်စရာမိသားစုဘဝလေးဖြစ်ခဲ့ပါတယ်။ သုဿန်ဝန်းထဲက ပန်းတစ်ပွင့်ကိုတော့ ချစ်ဇနီးအမှတ်နဲ့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး တယုတယနဲ့ ကိုင်ထားတဲ့ ဓာတ်ပုံလေးဟာ ကြေကွဲစရာပါ။
မစတေးသင့်ဘဲ စတေးခံလိုက်ရတဲ့ဘဝတွေအတွက် ပြည်သူတွေဟာ အံတကြိတ်ကြိတ်နဲ့ပါပဲ။ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးဟာ ရုတ်ချည်းအကျဉ်းတန်သွားခဲ့ရတာ ဘာနဲ့မှအစားထိုးမရနိုင် ပါဘူး။
ဇနီးကိုသိပ်ချစ်ပြီးတန်ဖိုးထားတဲ့ခင်ပွန်းဟာ နောက်ဆုံးအချိန်ထိ တာဝန်ကျေစွာနဲ့ အကောင်းဆုံး လုပ်ပေးခဲ့ပါတယ်။ ကွယ်လွန်သူတွေလည်း ကောင်းမွန်တဲ့ ဘုံဘဝဌာနတွေမှာ အပူအပင်ကင်းကင်းနဲ့ အေးချမ်းစွာအနားယူနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Crd-myanmarload