အိမ်မြောင်တို့သည်ကား အိမ်တွင် ရှိနေ တတ်သော် လည်း စုပ်ထိုးသည့်အခါတွင် အကြောင်းမဲ့ စုပ်ထိုးခြင်း မပြုလုပ်တတ်ပေ
|အိမ်မြောင် စုပ်ထိုးရသည့် အကြောင်းအရင်း ၂ ခုရှိလေသည်။ တစ်ခုသည်ကား မိမိအိမ်နှင့် မိမိတို့မိသားစု အရေး အကြောင်းများ အတွက်သော်လည်း ကောင်း၊
လာဘ်လာဘ ဝင်လာနိုင်သည့် အခါတွင်သော် လည်း ကောင်း စုပ်ထိုး၍ နိမိတ်ပေးတတ်လေ၏။
နောက်တစ်ခုသည်ကား ဘုရားရှိခိုး အမျှဝေချိန်တွင် အိမ်မြောင်စုပ်ထိုးခြင်း၊ ညအခါ၌ စုပ်ထိုးခြင်းများရှိတတ်လေသည်။
သမ္မာဒေဝနတ်ကောင်း နတ်မြတ်များသည်လည်း လူတို့၏ မေတ္တာပို့ အမျှဝေခြင်းကို လိုလားနှစ်သက်စွာ ခံယူတတ်လေသည်။
လူတို့၏ မေတ္တာပို့ ကုသိုလ်အမျှဝေခြင်းကိုရခြင်းကြောင့် သမ္မာဒေဝနတ်များသည် ကိုယ်ရောင်ကိုယ်ဝါပိုမိုတောက်ပလာခြင်း၊ ဘုန်းတန်ခိုးကြီးမားလာခြင်းများ ဖြစ်ပေါ်လာလေ၏။
ထိုကြောင့်ဘုရားရှိခိုးချိန် အိမ်မြောင်စုပ်ထိုးခြင်းသည် မိမိတို့အား နတ်များက နှစ်သက်ကာ သာဓုခေါ်ခြင်းဖြစ်လေသည်။
ထိုအတူ ညအချိန် စုပ်ထိုးခြင်းသည်လည်း သမ္မာဒေဝနတ်များက ကောင်းမှု့များ မပြတ်လုပ်ဆောင်ရန် သတိပေးခြင်းနှင့် မိမိတို့အား စောင့်ရှောက်နေကြောင်းကို နိမိတ်ပြခြင်းဖြစ်လေ၏။
လေးစားစွာဖြင့် Pan Lay