“Accept NUG ၊ Reject Military” ပရိုဖိုင် ချိန်းသူ များအား စာရင်းပြုစု ထားရန် စစ်ကောင်စီညွန်ကြား

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံပါ၊ စစ်တပ်ကို ငြင်းပယ်ပါဟု အဓိပ္ပာယ်ရသည့် “Accept NUG ၊ Reject Military” ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်က ပရိုဖိုင် ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူများအားစာရင်းပြုစုထားရန် စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ရပ်ကွက်အားလုံးကို ညွှန်ကြားထားသည့် ကြေးနန်းစာတစ်စောင် ပျံ့နှံ့နေသည်။

လူမှုကွန်ရက်ပေါ်ရှိ ပရိုဖိုင်ကမ်ပိန်း ပြုလုပ်သူများသည် NUG ကို ထောက်ခံနေသူများ ဖြစ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များအား ပြုလုပ်ရန် တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူများ ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သည့်အပြင် အာဏာသိမ်း အကြမ်းဖက်သမားတွေသာ ဖြစ်ကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရကိုသာ လူထုတစ်ရပ်လုံးက ထောက်ခံ အသိအမှတ်ပြုကြောင်း ပြသသည့်အနေဖြင့် “Accept NUG ၊ Reject Military” လှုပ်ရှားမှုကို ယမန်နေ့က စတင်ပြုလုပ်နေကြခြင်း ဖြစ်သည်။

“Accept NUG ၊ Reject Military” ပရိုဖိုင် ချိန်းသူများအား စာရင်းပြုစုထားရန် စစ်ကောင်စီညွန်ကြား

Credit မဇ္ဈိမ

Add a Comment

Your email address will not be published.