ဒေါက်တာဇော်မြင့်မောင် COVID-19 ကူးစက် ခံ ရ

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် COVID -19 ရောဂါ ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

” ဒီနေ့ Video conference နဲ့ရုံးထုတ်တာ။ရုံးချိန်းမှာ ဆရာဇော်က ကျွန်တော်ကိုဗစ်ဖြစ်နေတယ်။ အောက်စီဂျင်ရှု နေရတယ်လို့ ပြောတယ် ” ဟု၎င်း၏ရှေ့နေတစ်ဦးက ပြောပြသည် ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အိုးဘိုအကျဉ်းထောင်တွင် COVID-19 Test Kit နှင့်စစ်ဆေးကြည့်ရာ ပိုးမတွေ့ရှိဘဲ မန္တလေးဆေးရုံတွင် နှာခေါင်းတို့ပတ်ယူကာ စစ်ဆေးကြည့်မှ ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ခံစားနေရသူဖြစ်ပြီး အာဏာသိမ်းပြီးကတည်းက အဖမ်းဆီးခံရကာ အိုးဘိုအကျဉ်းထောင်ထဲတွင် ဆေးကုသမှုခံယူနေရသူလည်း ဖြစ်သည်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၅)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅) တို့ဖြင့် တရားစွဲဆိုထားသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အာဏာသိမ်းစစ်ကောင်စီက NLD အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ်များကို ပုဒ်မ ၅၀၅(ခ) ဖြင့် စတင် အမှုဖွင့်ပြီးနောက် မကြာမီတွင် ဝန်ကြီးချုပ်အချို့နှင့် အစိုးရအဖွဲဝင်အချို့ကို အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *