NUG ပရိုဖိုင်ပြောင်းသည့် နာမည်ကြီး အနုပညာရှင်အချို့ကို အရေးယူရန် စီစဉ်နေကြောင်း သတင်း ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NGUကို ထောက်ခံကြောင်းဖေ့ဘုတ်စ်တွင် ပရိုဖိုင်ချိန်းသည့် အကယ်ဒမီအေးမြတ်သူ၊ဟန်ဇာမိုးဝင်း၊ Rဇာနည်၊အရိုင်းအပါအဝင်နာမည်ကြီးအနုပညာရှင်၆၃ဦးအားအရေးယူရန်စစ်ကောင်စီကပြင်ဆင်နေကြောင်းသတင်းရရှိသည်။

Facebookလူမှုကွန်ယက်တွင် Accept NUG,Reject Military ပရိုဖိုင် ထားရှိသည့် နာမည်ကြီးအနုပညာရှင်၆၃ဦးအားအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းရဲတပ်ဖွဲ့တင်ပြစာအရသိရသည်။

၎င်း profile frame ဖြင့် Facebookအသုံးပြု သူများအနေဖြင့် အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားသောNUGအစိုးရအား ထောက်ခံသည့်လုပ်ရပ်များဖြစ်၍စစ်ကောင်စီမှစာရင်းပြုစုထားရှိရန် ညွှန်ကြားပြီးနောက် ယခုကဲ့သို့အရေးယူမှုပြုလုပ်ရန်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်းသိရသည်။

Credit

Add a Comment

Your email address will not be published. Required fields are marked *