PDF တွေကိုလှူတယ်‌ လို့ ‌မ‌ပြော ပါနဲ့

“လှူတယ်” ဆိုတဲ့ အသုံးအနှုံးဟာ ခင်ဗျားကို တော်လှန်ရေးနဲ့ ရင်ဘတ်ချင်း မနီးစပ်စေပါဘူး

ကျွန်တော်တို့တတွေဟာ အခု ပြည်တွင်းစစ်ထဲမှာပါ

“ဟမ်…ပြည်တွင်းစစ်က မဖြစ်သေးဘူးမလား..D-Day ကို စောင့်နေကြတာမလား” လို့ ခင်ဗျားတွေးမိကောင်း တွေးမိပါလိမ့်မယ်…
ဖေဖော်ဝါရီ (၉) ရက်နေ့….

မြသွဲ့သွဲ့ခိုင် ခေါင်းကို သေနတ်နဲ့ ပစ်လိုက်ကတည်းက စစ်အုပ်စုဟာ ပြည်သူအပေါ်ကို စစ်ကြေညာပြီး ပြည်တွင်းစစ်ကို စတင်ခဲ့ပြီးပါပြီ…
အဲကတည်းက ကျွန်တော်တို့ပြည်သူတွေကလည်း လက်နက်သာမကိုင်တာ….ဆန္ဒပြတိုက်ပွဲတွေ၊ သပိတ်တိုက်ပွဲတွေ၊ သံပုံးတီးတာလိုမျိုး စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲတွေ၊ online social media တိုက်ပွဲတွေ စသည်ဖြင့် တိုက်ပွဲပုံသဏ္ဌာန် အမျိုးမျိုးနဲ့ စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်လာခဲ့ကြတာ…အခုဆိုရင် ရရာလက်နက် ကိုင်စွဲပြီး တိုက်ခိုက်တဲ့ အဆင့်ထိ ရောက်နေပြီ

D-Day ဆိုတာ “လက်နက်ကိုင် တိုက်ပွဲ” တွေ အင်နဲ့အားနဲ့ တိုက်ခိုက်မှု စတင်မယ့်နေ့ပါ..

အဲဒါကြောင့်…ခင်ဗျားတို့ သတိထားမိချင်မှ ထားမိမယ်….

ကျွန်တော်တို့တတွေ အခုဆင်နွှဲနေကြတာ ပြည်တွင်းစစ်ပဲ…

ဒီနေရာမှာ တိုက်ပွဲဆိုတာ သေနတ်တွေကိုင်ပြီး တဖက်နဲ့တဖက် ကျည်ဆံ အမြောက်ဆံတွေကြားရောက်နေမှ တိုက်ပွဲဝင်တာမဟုတ်ဘူး….
ကိုယ်စီကိုယ်စီ…အားသန်ရာ..ကျရာတာဝန်ကို ထမ်းဆောင်ကြရမှာပဲ

ခင်ဗျားဟာ သေနတ်ကိုင်တပ်သား ဖြစ်ချင်မှ ဖြစ်မယ်

ခင်ဗျားဟာ

ခံစစ်စခန်းတွေ ဆောက်တဲ့ ဆောက်လုပ်ရေးတပ်သား

ကျန်းမာရေးအတွက် တာဝန်ယူရတဲ့ ဆေးတပ်သား

ထမင်းချက်ဖို့ တာဝန်ယူရတဲ့ ရိက္ခာတပ်သား

ပစ္စည်းတွေတနေရာကနေ တနေရာကိုပို့တဲ့…သယ်ယူပို့ဆောင်ရေး တပ်သား

သတင်းအချက်အလက် ရယူဖြန့်ဝေရတဲ့ ကင်းထောက်တပ်သား/ဆက်သွယ်ရေး တပ်သား/ IT တပ်သား

ယူနီဖောင်းတွေ ချုပ်လုပ်ပေးရတဲ့…လက်နက်တွေ မိုင်းတွေ တပ်ဆင်ပေးရတဲ့ ထုတ်လုပ်ရေးတပ်သား

လိုအပ်တဲ့ ငွေ၊ရိက္ခာ ပံ့ပိုးပေးရတဲ့ ထောက်ပံ့ရေးတပ်သား

ဘယ်နေရာကနေပါပါ…

ခင်ဗျားဟာ တော်လှန်ရေး တပ်သားပဲ

အဲဒါကြောင့် မေတ္တာရပ်ခံတာပါ

PDF တွေကို “လှူ” တယ်လို့ မပြောပါနဲ့

ငါက “PDF ထောက်ပံ့ရေးတပ်သားကွ” လို့ပဲ ရဲရဲကြီး လက်မထောင် ရင်ကော့ ပြောလိုက်စမ်းပါ

“လှူ” တယ်ဆိုတဲ့ အသုံးအနှုံးနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးရဲ့ အဝေးမှာ မနေပါနဲ့

ခင်ဗျား ထောက်ပံ့ရေးတပ်သားအနေနဲ့ ပါဝင်လိုက်တဲ့

၁၅၀၀၀၀၀ ကျပ်ဟာ သေနတ် ၁ လက်ရပါတယ်

၂၀၀၀၀ ကျပ်ဟာ လက်ပစ်ဗုံး ၁ လုံးရပါတယ်

၁၀၀၀ ကျပ် ဟာ ကျည်ဆံ ၅တောင့်ရပါတယ်

ဒီနေရာမှာ ကွန်မြူနစ်တွေရဲ့ စကားတစ်ခုကို သတိရတယ်

“ရာထူးအဆင့် ဆိုတာမရှိ….တာဝန်အဆင့်သာရှိသည်” တဲ့

ကျုပ်တို့ ဒီပြည်တွင်းစစ်ကြီးကို နိုင်အောင် တိုက်ပြီးတဲ့အခါ….လမ်းမှာတွေ့ရင် အချင်းချင်း နှုတ်ဆက်ကြတဲ့အခါ

“ရဲဘော်….ခင်ဗျား ဘာတာဝန် ထမ်းဆောင်ခဲ့သလဲ” ဆိုရင်

ခင်ဗျားမှာ ပြန်ဖြေစရာ ရှိပြီလား??

အခြေအနေအကြောင်းကြောင်းကြောင့် သေနတ်ကိုင်တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အဆင်မပြေရင်လည်း အားမငယ်ပါနဲ့
သင့်ကို “ထောက်ပံ့ရေး တပ်သား” အဖြစ် အလိုရှိပါတယ်

အခုပဲ တော်လှန်ရေး တပ်ထဲ ဝင်လိုက်ပါ။

ခင်ဗျားဟာ

ယူနီဖောင်း မဝတ်တဲ့ တပ်သားတစ်ယောက်ပါ….လေးစားပါတယ် ရဲးဘော်

အနွယ်တော်

Add a Comment

Your email address will not be published.