လွတ်မြောက်နယ်မြေရောက်နေ တဲ့ အောင်ထက် ရဲ့ ကျန်းမာရေးအခြေအနေ

အိပ်မက်ဆုံရာပြိုင်ပွဲဝင်တစ်ယောက် အဖြစ် ပရိသတ်တွေအနေနဲ့ အောင်ထက်ကို စတင်သိရှိခဲ့ရပြီး နောက်မှာတော့ ခုဆိုရင် ကိုယ်ပိုင်သီချင်းခွေတွေနဲ့ စုံတွဲသီချင်းတွေကို သီဆိုလာတာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားပြီးအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်…ပရိသတ်အချစ်တော် အောင်ထက်ဟာ ဖခင်ရဲ့

ခေါ်ယူမှုကြောင့် ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ကျောင်းတက်ဖို့ရောက်ရှိလာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မပြေလည်ဖြစ်လာတဲ့ မိသားစုစားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး လှိုင်သာမြို့နယ်က စက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ပြီးအဲဒီကအဆက်အသွယ်ကနေတစ်ဆင့် အောင်မြင်လာတဲ့သူ့ဘ၀ရဲ့အကြောင်းကိုလည်း

လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားခဲ့ပါသေးတယ်။ ခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အာဏာသိမ်းမှုဖြစ်နေတဲ့အခြေအနေမှာ အနုပညာရှင်တော်တော်များများလည်း ပြည်သူနဲ့အတူ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်. အဲဒီလိုရပ်တည်ခဲ့တဲ့အနုပညာရှင်တွေထဲမှာ အဆိုတော်အောင်ထက်တစ်ယောက်လည်း ပါဝင်တာဖြစ်

ပါတယ်။ အဆိုတော်အောင်ထက်ကတော့ လူထုလှုပ်ရှားမှုကြီးပြည်သူတွေနဲ့တသားတည်းပါဝင်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။အခုချိန်မှာလွတ်မြောက်နယ်မြေမှာရောက်ရှိနေပေမယ့်ကိုဗစ်ကူးစက်ခံထားရတာလည်းဖြစ်ပါတယ်။အောင်ထက်ကတော့ ကိုဗစ်ကူးစက်

ခံထားရတာ(၉)ရက်ရှိနေပြီး ဒီနေ့မှအနံ့စရတယ်လို့ပြောာထားပါတယ်။ဒါအပြင်ကိုဗစ်ကူးစက်ခံထားရတာ မိခင်နဲ့အပေါင်းအသင်းတွေမသိသေးဘူးလို့ပြောပြထားပါတယ်။ကိုဗစ်ကူးစက်ခံထားရတာမို့အားငယ်နေမှာတော့သေချာပါတယ်နော်. အမှန်တရားကိုရရှိဖို့အတွက် ပြည်သူတွေအတွက်တိုက်ပွဲဝင်နေရင်းနဲ့အ

မြန်နေကောင်းလာဖို့ ပရိသတ်နဲ့မိတ်ဆွေတွေကလည်း အားပေးစကားပြောပေးထားကြတာပါသေးတယ်နော်… အောင်ထက်ကိုချစ်ကြတဲ့ Cele World ပရိသတ်ကြီးလည်း အားပေးစကားလေးတစ်ခုခုလောက်ရေးပေးသွားကြပါအုံးနော်..

Source: Aung Htet

Add a Comment

Your email address will not be published. Required fields are marked *