အဆိုတော်ရေမွန်မကျွတ်လွတ်သေးဘူး ဆို တဲ့ အကြောင်းနဲ့ ပတ်သက်ပြီးပြောပြလာ တဲ့ လပြည့်ကဗျာ

အဆိုတော်ရေမွန်ကတော့ သူ့ရဲ့သီချင်းတွေနဲ့ရိုးသားတဲ့စိတ်လေးကြောင့် မိတ်ဆွေများနဲ့ပရိသတ်များကအားပေးချစ်ခင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ၂၃ရက်နေ့မှာဆိုရင်တော့အဆိုတော်ရေမွန်ကထွက်ပြေးတိမ်းရှောင်ရင်းကျန်းမာရေးအခြေအနေကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ရပါတယ်၊

အဆိုတော်ရေမွန်ရဲ့မိသားစုများနဲ့သူ့ရဲ့ပရိတ်သတ်ကြီးများနဲ့အတူထပ်တူဝမ်းနည်းရပါတယ်။ မကြာခင်ရက်ပိုင်းလေးတုန်းက ရေမွန်နဲ့ပက်သက်ပြီး မကျွတ်လွတ်သေးဘူး. .. သူနေထိုင်ခဲ့တဲ့နေရာတွေမှာ တွေ့တွေ့နေရတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်ပိုင်းမှာတော့ ရေမွန့်မိခင်နဲ့ညီမလေးလည်း ခံစားနေ

ရတာ ဖြစ်ပါတယ်. ဒါကြောင့် လပြည့်ကဗျာက အစ်ကိုဖြစ်သူအဆိုတော်ရေမွန်မကျွတ်လွတ်သေးဘူးလို့ပြောတဲ့လူတွေကိုဒဲ့ပြောပြလာခဲ့တာဖြစ်ပါတယ်နော်။ လပြည့်ကဗျာကဘပီကိုသူလုပ်စေချင်တာလေးတွေ၊သူလိုအပ်တာလေးတွေလုပ်ပေးချင်တာ၊အခုတော့မပြီးမပြတ်နဲ့ထားခဲ့ရပြီ၊ဘပီကောင်းရာမွန်ရာ ရောက်

မယ်လို့သိထားပီးသား၊ဒါပေမယ့်သူပဲ မကျွတ်သေးဘူး၊ရှိနေသေးတယ်၊အထူးသဖြင့်မေကြီးကိုသောကအပူတွေပေးပြီးမှတော့ဆုံးခန်းတိုင်အောင်ကူညီစေချင်မိတယ်။မလုပ်ပေးနိုင်ဘူးမကူညီနိုင်ဘူးဆိုလဲအစထဲကစာတွေရေးရေးပီးတင်မနေနဲ့ပေါ့၊ဒီကလူတွေကမျှော်လင့်တကြီးစောင့်နေကြရတာလေ၊မကူညီပေးနိုင်ရင်

လဲအစထဲကဒဇာတ်လမ်းကိုမစနဲ့၊Attentionလိုချင်တာတခုနဲ့ဒီမိသားစုကိုအသုံးချပီးတင်မနေပါနဲ့။ဘပီကိုလုပ်ပေးစရာရှိတာတွေလုပ်ပေးပြီးသူ့သွားရမယ့်လမ်းစိတ်ဖြောင့်ဖြောင့်နဲ့သွားစေချင်လို့ဆိုပြီးရေးသားဖော်ပြထားပါတယ်၊။ သေဆုံးပြီးတဲ့သူနဲ့ပက်သက်တဲ့ကောလဟာလတွေကိုလည်း ထပ်ပြီးမပြောဖို့ သူမက တောင်းပန်ထားပါသေးတယ်။

Source: Lapyae Kabyar

Add a Comment

Your email address will not be published. Required fields are marked *