ကြိုက်တာယူ ( ၅၀ ) ကျပ် ဈေး အရောင်းကား လာရောက် မည့် မြို့နယ်များ

ခုလိုချိန် အခက်အခဲဖြစ်နေကြတဲ့ ပြည်သူများအတွက် ဈေးရောင်းကားများဖြင့် အိမ်အရောက် ကြိုက်တာယူ (၅၀) ကျပ်ဖြင့် Flannel Box မှ ရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။

မနက်ဖြတ် သြဂုတ်လ ၁၄ ရက်နေ့မှာလည်း စားသောက်ကုန်နှင့် ဆေးဝါးများကို ကြိုက်တာယူ ၅၀ ကျပ်ဖြင့် ထပ်မံရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။

ဈေးခြင်းထောင်းတစ်ခုစီမှာ

ဆန် ၁ပြည်၊ Ready Canned Fish ၃ဘူး၊ ပါရာစီတမော့ ၁ကဒ်၊ လစဉ်သုံး ၁ပါကင်

ကြက်ဥ ၁၀ လုံး၊ Ready Canned Fish ၃ ဘူး၊ ပါရာစီတမော့ ၁ကဒ်၊ Mask ၁ ဘူး

စတဲ့ ဈေးခြင်းထဲကမှ ကြိုက်နှစ်သက်ရာကို ၅၀ ကျပ်ဖြင့် ဝယ်ယူရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

14.8.2021 မနက်ဖြန် မနက် 10:00 မှ စ၍ တောင်ဒဂုံ / အရှေ့ ဒဂုံ / ဒဂုံ ဆိပ်ကမ်း ရှိ ရပ်ကွက် များတွင် အိမ်ခြေ ၁၀၀၀ စာ လှည့်လည်ရောင်းချ ပေးမှာဖြစ်ပြီး

အချို့ လူစည်ကားတဲ့ နေရာများတွင် လူစုလူဝေးမဖြစ်စေရန် တိုကင်စနစ် လေးလည်းစီစဉ်ထားတယ်လိုသိရှိရပါတယ်။

ကားအားလုံးတွင် ဗီနိုင် /စတေကာ များ ပါလို့ လမ်းမှာတွေ့ခဲ့ရင် ကားတားပြီးလည်းဝယ်ယူလို့ ရမှာဖြစ်ပါတယ်။

နောက်ရက်တွေ ဘယ်မြို့နယ် တွေ ရောင်းပေးစေချင်လည်း ဆိုတာလေးကို Comment လေးရေးပေးခဲ့နော်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ အားရှိတဲ့ အစားစား စားပါ။

မိမိထက် အဆင်မပြေသူများကို ဦးစားပေးခြင်းဖြင့် ပြည်သူ အချင်းချင်း ကူညီပါ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးထားပါတယ်။

Source: Flannel Box

Add a Comment

Your email address will not be published. Required fields are marked *