Wave Money ထုတ် လို့ ရတယ် ဆိုပြီး post တွေတင်ပေးနေ တဲ့ သူတွေ ကို သတိ ထား ပါ

သူတို့ကို ထုတ်လို့ရလား သွားမေးရင် ဘယ်လောက်ထုတ်ချင်တာလည်းဆိုပြီး မေးပါလိမ့်မယ် ကိုယ်က ၅ သိန်း ၁၀ သိန်း ပြောလိုက်တာနဲ့ Wave Money Level ဘယ်လောက်လည်းဆိုပြီး မေးပါလိမ့်မယ်

Wave Money က level 2 ဆိုရင် တစ်ရက်ကို ၃ သိန်းထိပဲပေးထုတ်တာဆိုတော့ Level 3 ကိုတင်ခိုင်းပါလိမ့်မယ်

Wave Money Level 3 တင်ချင်ရင် သူပေးတဲ့ဖုန်းနံပါတ်ကို Viber ကနေစာပို့ပြီးတင်လို့ရတယ်ဆိုပြီး ဖုန်းနံပါတ်တစ်ခုပေးပါလိမ်မယ် အဲ့ဒီဖုန်းနံပါတ်ကို Viber ကနေသွားပြောပြီဆိုရင် Wave Money Level 3 တင်မယ်ဆိုရင် Wave Money ဖွင့်ထားတဲ့ နာမည်

ဖုန်းနံပါတ်တောင်းပါလိမ့်မယ်

ပြီးရင် သူတို့က ကိုယ်ဖုန်းဆီပို့တဲ့ One Time password ကို သူတို့ဆီ ပြန်ပို့ပေးပါဆိုပြီး တောင်းပါလိမ့်မယ် ဘယ်သူက ဘာကိစ္စကြောင့်ပဲတောင်းတောင်း OPTနဲ့ pinနံပါတ် လုံးဝမပြောရပါ

ဘယ်တော့မှ မပို့မိပါစေနဲ့ ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Wave Account ကသူတို့ဆီရောက်သွားပါလိမ့်မယ်

ငွေရှားနေတဲ့အချိန် အလိမ်အညာတွေ ပေါတယ် credit

Add a Comment

Your email address will not be published. Required fields are marked *