အမှန်တရားဘက်ကရပ်တည်ပြီး CDM ပြုလုပ်သွား တဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာမြဝတ်ရည်မှ သမီးဦးလေးကို အောင်မြင်စွာမွေးဖွား
|ပရိသတ်ကြီးရေ.. စကားပြောပွင့်လင်းပြီး မဟုတ်မခံတတ်သလို ချစ်စရာစိတ်ထားလေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဆယ်လီတွေထဲမှာ ဒေါက်တာမြဝတ်ရည်ကလည်း အပါအဝင်ပါပဲ..။
ဒေါက်တာမြဝတ်ရည်ဟာဆိုရင် ခွဲစိတ်အထူးကု ဆရာဝန်ဘဝမှာ CDMပြုလုပ်ကာ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပြီး ဆန့်ကျင်တော်လှန်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။
ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ ဒေါက်တာမြဝတ်ရည်ကို ပုဒ်မ ၅၀၅(က)နဲ့တရားဆွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်။
ကိုယ်ဝန်ကြီးနဲ့ဝရမ်းကြောင့်တိမ်းရှောင်တိမ်းနေရတဲ့ ဒေါက်တာမြဝတ်ရည်ဟာ ရင်သွေးငယ်သမီးလေးကို အောင်မြင်ဘေးကင်းစွာ မွေးဖွားခဲ့ပြီဖြစ်ပါသည်။
မိခင်ရော ရင်သွေးပါ ကျန်းမာဘေးကင်းစွာရှိနေသည့်အတွက် ဒေါက်တာ့ ကို စိုးရိမ်၍ ချစ်မြတ်နိုးသူပရိတ်သတ်များ စိတ်ချမ်းသာစရာ သတင်းအနေဖြင့် တင်ဆက်ပေးလိုက်ပါတယ်နော်။ခရက်ဒစ်