ဒီနေ့မှာ အသက် (၃၂)နှစ်ပြည့်မြောက်သွား တဲ့ ပရိသတ်အချစ်တော် အ ဆိုတော် ရတနာမိုင်

ပရိသတ်ကြီးရေ ဒီနေ့ သြဂုတ်လ (၁၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော် ရတနာမိုင်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ ရတနာမိုင်က အသက် (၃၂)နှစ်ပြည်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

Happy Birthday ပါ မိုင်လေးရေ ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်လေးကနေစလို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ပိုမိုရရှိပြီး အနုပညာလောကမှာပိုမိုအောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ရတနာမိုင်ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ Mily လေးတွေကလည်း ဒီနေ့မှာကျရောက်တဲ့ မိုင်လေးရဲ့ မွေးနေ့ရက်မြတ်လေးအတွက်ကိုတော့ မွေးနေ့အလှူလေးအဖြစ်နဲ့ ခိုင်နှင်းဝေရဲ့ ရင်ခွင်ရိပ်မြုံဂေဟာက ကလေးတွေအတွက် လိုအပ်တာတွေ အသုံးပြုနိုင်ဖို့ အလှူငွေ (၁)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ကြပါသေးတယ်။

အခုလို မွေးနေ့ရက်လေးမှာ မွေးနေ့အလှူလေးကို သတိတရနဲ့ ပြုလုပ်ပေးတဲ့ အမာခံပရိသတ်တွေကိုရရှိထားတာကတော့ မိုင်လေးအတွက် တကယ်ကို ကံကောင်းလွန်းလှပါတယ်။ CeleZone ပရိသတ်ကြီးတွေထဲက မိုင်လေးရဲ့ပရိသတ်တွေလည်း ဒီနေ့မှာကျရောက်တဲ့ မိုင်လေးရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်ပေးခဲ့ကြပါဦးနော်။

Source – ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာ
Photo Credit – Yadanar My

Add a Comment

Your email address will not be published. Required fields are marked *