ပရိသတ်ကြီးကို စပရိုက်တိုက်လိုက်ပြီ ဖြစ်တဲ့ မိတ်ကပ် လင်းလင်း

ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် လင်းလင်းကတော့ နွေဦးတော်လှန်ရေး အစပိုင်းမှာ ပါဝင်ခဲ့သော်လည်း ဒီနောက်ပိုင်း အဖမ်းအဆီးတွေ ရှိလာတာကြောင့် ခံဝန်လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်နော်။ နိုင်ငံရေးနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မတင်တော့ဘဲ သွားလာလှုပ်ရှားမှုတွေကိုပဲ ပုံမှန်တင်နေပါတယ်နော်။

ဒီလို တင်နေရင်းနဲ့ ပရိသတ်တွေ မထင်ထားတဲ့ ပုံဈြပုံကို ဝေမျှပေးလာခဲ့ပါတယ်နော်။ လင်းလင်းတစ်ယောက် ဖြိုးမြတ်အောင် ပို့ပေးလိုက်တဲ့ လက်ဆောင်တွေကို Thank You Ko ❤️ ဆိုတဲ့ စာသားနဲ့ ဆိုရှယ်မီဒီယာထက်မှာ တင်လာခဲ့ပါတယ်နော်။ ခါတိုင်း ဖြိုးမြတ်အောင် လက်ဆောင်ပေးတာတွေကို ရိုးရိုးသားသား စာတင်ပြီး ရေးပေမယ့်လည်းအခုမှာတော့ ထူးထူးခြားခြား ” ကို ” ဆိုတဲ့ နာမ်စားကို သုံးလာခဲ့ပါတယ်နော်။

ဒါဟာ လင်းလင်းနဲ့ ဖြိုးမြတ်အောင်တို့ ချစ်သူတွေဖြစ်ကြပြီလားလို့ ထင်လို့ရလောက်စေတဲ့ ကိစ္စပါပဲနော်။ လင်းလင်းကတော့ ဒီပုံနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်ပြီး ဖြေရှင်းထားတာ မရှိသေးပါဘူးနော်။ ကဲ ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပေးသွားကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *